၁၁.၁၁ စစ်ဆင်ရေး ပထမနေ့တွင် ဒီးမော့ဆိုအတွင်း အကြမ်းဖက် စကစတပ်သား အလောင်းများစွာ တွေ့ရ (ရုပ်သံ)

7 months ago

နိုဝင်ဘာ ၁၂
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့သော ကရင်နီတပ်များ၏ ၁၁.၁၁ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများလည်း ပြင်းထန်ခဲ့ကာ အကြမ်းဖက်စစ်တပ်ဘက်မှ အလောင်းများစွာ တွေ့ရကြောင်း သိရသည်။
“တိုက်ပွဲက ပြင်းထန်တယ်။ စခန်း‌တွေက များတော့ စုစုပေါင်း ဘယ်လောက်သေတယ် မသိဘူး။ ဒါပေမယ့် ဘုရားဖြူစခန်းမှာချည်းပဲ ကိုးလောင်းတွေ့တယ်”ဟု DMO ဒီးမော့ဆိုအဖွဲ့မှ တာဝန်ရှိသူက ပြောခဲ့သည်။
ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာ ၁၁ ရက်တွင် ဖော်ဆောင်ခဲ့သော ၁၁.၁၁ စစ်ဆင်ရေးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများစွာ ရှိခဲ့ကြောင်းနှင့် တော်လှန်ရေးတပ်ပေါင်းစုများမှ ‌ရဲဘော်တချို့လည်း ကျဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးအား ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပြောက်ကျားတပ်နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။