တော်လှန်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ရသော ကလေးမြို့တောင်ပိုင်း မြောက်စည်းရွာ ရဲစခန်းသိမ်းပွဲ (ရုပ်သံ)

7 months ago

နိုဝင်ဘာ ၉
ကလေးတောင်ပိုင်း မြောက်စည်းရွာရဲစခန်းအား နိုဝင်ဘာ ၃ ရက်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာ ၄ ရက်တွင် သိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းတိုက်ပွဲတွင် Ranger Kalay Defend Force တပ်မှ ရဲဘော် နှစ်ဦးနှင့် VAKOK- CNDF မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ အောင်ပွဲဆင်နိုင်ခဲ့သော်လည်း ပြင်းထန်သော တိုက်ပွဲဖြစ်၍ နှစ်ဖက် ထိခိုက်မှုများကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။