ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်း တိုက်ပွဲမှတ်တမ်း (ရုပ်သံ)

7 months ago

နိုဝင်ဘာ ၈
နိုဝင်ဘာ ၃ ရက်နေ့‌တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းအား ဂန့်ဂေါခရိုင်အမှတ် (၁၊၇၊၁၁၊၁၂၊၁၄၊၁၉)တပ်ရင်း၊ နယ်မြေခံ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် HYPER UAV FORCE တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
အဆိုပါတိုက်ပွဲကို ယင်းနေ့ နံနက် ၅:၅၀ နာရီတွင် စတင်ခဲ့ပြီး နံနက် ၁၀:၀၀ ခန့်တွင် စခန်းအား သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး နိုင်ခဲ့ပြီး တိုက်ပွဲအ‌တွင်း ရန်သူ့တပ်သား ၆ ဦး သေဆုံး၊ စစ်သုံ့ပန်းအဖြစ် ၁၁ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ထွက်ပြေးခဲ့သော ၄ ဦးကိုလည်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း၊သေနတ် ၁၉ လက် အပါအဝင် လက်နက်ကြီး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ရုပ်သံ – ABSDF Column 3