KIA က သတိပေးပြီးနောက် နှစ် ၂၀ ကျော်ကြာ အထိုင်ချတပ်စွဲထား‌သော ဗျူဟာအထိုင်စခန်းကုန်းအား အကြမ်းဖက်စစ်တပ် စွန့်ခွာ

4 months ago

ဖေဖော်ဝါရီ ၂၃
May be an image of horizonကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့တွင် နှစ် ၂၀ ကျော်ကြာ တပ်စွဲထားခဲ့သော ဗျူဟာအထိုင်စခန်းကုန်းအား အကြမ်းဖက် စစ်ကောင်စီတပ်က စွန့်ခွာသွားကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်ထားသည်။
၎င်းစခန်းကုန်းမှာ ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်ကတည်းက အထိုင်တပ်စွဲနေထိုင်ခဲ့ပြီး တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၈၇) ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲသော ဗျူဟာစခန်းကုန်းဖြစ်ကာ ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် KIA အမှတ် (၅) တပ်ရင်းနှင့် မြို့လှ K-PDF တပ်ရင်းတို့မှ ၎င်းစခန်းကုန်းနေရာအား ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးထားသည်။
KIAက သတိပေးပြီး သုံးရက်အကြာတွင် အဆိုပါ မြို့လှ ဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားခဲ့ခြင်းလည်း ဖြစ်သည်။
May be an image of map and text
ခမရ (၃၈၇) တပ်အနေဖြင့် ပြည်သူ့ဘက်သို့ အလင်းဝင်ရောက်ရန် KIA က ဖေဖော်ဝါရီ ၁၉ ရက်တွင် သတိပေးစာပို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ဘက်သို့ အလင်းမဝင်ပါက ၎င်းဗျူဟာကုန်းစခန်းကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ယင်းသတိပေးစာတွင် ရေးသားထားသည်။
အဆိုပါ စခန်းစွန့်ခွာမှုနှင့် ပတ်သက်ပြီး မြို့လှ PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပေ။