CNDF ဒုစစ်ဦးစီးချုပ် အပါအဝင် လေးဦး ခြုံခိုတိုက်ခိုက်ခံရခြင်းနှင့် မိုင်းထိခြင်းတို့ကြောင့် ကျဆုံးခဲ့ရ

4 months ago

ဖေဖော်ဝါရီ ၂၅
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ဒုစစ်ဦးစီးချုပ် အပါအဝင် သုံးဦး စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်ခံရပြီး ကျဆုံးခဲ့ကာ အခြားရဲ‌ဘော်တစ်ဦးမှာ မိုင်းထိ ကျဆုံးခဲ့ရကြောင်း သိရသည်။
May be an image of 5 people and textMay be an image of 1 personMay be an image of 1 personMay be an image of 1 person
ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ကျဆုံးခဲ့ရ‌သော ၎င်းတို့ လေးဦး၏ ဈာပနကို ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
CNDF ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်နှစ်ဦးတို့အား စစ်ကောင်စီတပ်က ခြုံခိုတိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အခြားရဲဘော်တစ်ဦးမှာ စက္ကန့်ရွာတိုက်ပွဲအတွင်း မိုင်းနင်းမိပြီး ကျဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျဆုံးသွားသူများမှာ CNDF ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ အသက် (၃၄) နှစ်အရွယ် ဆလိုင်းဒေဗစ်နယူး (ခ) ဂျိုရှူအာ၊ အသက် (၂၄) နှစ်အရွယ် ရဲမေ Aa Nge၊ အသက် (၁၉)နှစ်အရွယ် ရဲဘော် Amos နှင့် အသက် (၂၂) နှစ်အရွယ် Lah Pih တို့ ဖြစ်ကြောင်း CNO – UCR က ထုတ်ပြန်ထားသည်။
May be an image of 5 people
“သုံးဦးက ခြုံခိုတိုက်ခိုက်ခံရပြီး ကျဆုံးခဲ့တယ်။ ရုပ်အလောင်းတွေ ပြန်မရသေးပါဘူး။ မီးရှို့ခံလိုက်ရတယ်လို့တော့ ယူဆရပါတယ်။ နောက်တစ်ဦးက စက္ကန့်ရွာတိုက်ပွဲမှာ မိုင်းထိပြီး ကျဆုံးခဲ့ပါတယ်။ ကျဆုံးခဲ့သူများရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီးပါပြီ” ဟု CNO – UCR မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက ပြောသည်။
ဒုစစ်ဦးစီးချုပ် ဆလိုင်းဒေဗစ်နယူးသည် ဖေဖော်ဝါရီ ၂၃ ရက်နေ့က စစ်မြေပြင်ရှိ CNDF တပ်ရင်း တစ်ရင်းသို့ ရဲဘော်နှစ်ဦးနှင့်အတူ သွားခဲ့ပြီး အပြန်လမ်းတွင် အောင်သာယာရွာ အရောက်၌ ၎င်းတို့ သုံးဦးစလုံးကို ပျူစောထီးနှင့် စစ်တပ်တို့က ခြုံခိုတိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခြားရဲဘော်တစ်ဦးဖြစ်သူ ရဲဘော် Lah Pih မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က စက္ကန့်ရွာတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် မိုင်းထိ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။