(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အား ဂုဏ်ပြုသောအားဖြင့် မလွှဲတောင်စစ်ဆေးရေးဂိတ်အား ဒရုန်းဗုံးချတိုက်ခိုက်

4 months ago

ဖေဖော်ဝါရီ ၂၆
(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အား ဂုဏ်ပြုသောအားဖြင့် မလွှဲတောင်စစ်ဆေးရေးဂိတ်အား ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
May be an image of 3 people and text
ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၉:၃၀နာရီတွင် ရန်ကုန် – ထားဝယ် အမှတ် (၈) ကားလမ်းပေါ်ရှိ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားတွင် တည်ရှိသော မလွှဲတောင်စစ်ဆေးရေးဂိတ် စခန်းကုန်းအား ပူးပေါင်းအဖွဲ့က SFZ Drone ဖြင့် ဗုံးသီး ၇ လုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ခဲ့ရာတွင် ဒရုန်းဗုံးသီး ၂ လုံးမှာ စစ်ဆေးရေးဂိတ်ပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ခြေကုပ်ရာ စခန်းကုန်းအတွင်းသို့ ဒရုန်းဗုံးသီး ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီအထိ လမ်းပိတ်ထားခဲ့ကြောင်း၊ ထိခိုက်မှုနှင့် ပျက်စီးမှုအခြေအနေများကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
May be an image of 1 person and text“ဂိတ်မှာ ရှိတဲ့ အင်အားတော့ အတိအကျ မသိရဘူးဗျ။ သုံးဆယ်၊ လေးဆယ်ဝန်းကျင်လောက်ပဲ ရှိမယ် ထင်တယ်ဗျ။ ဒီဂိတ်ကတော့ ထားဝယ်ဘက် ဆင်းရင် ဖြတ်သန်းရ အခက်ဆုံးဂိတ်ပေါ့။ အဓိကကျတဲ့ နေရာ ဖြစ်နေတဲ့အတွက် ခရီးသွားလာမှုအတွက်ရော၊ ကုန်စည်သယ်တဲ့နေရာမှာရော အစစ်အဆေး အကြမ်းဆုံး ဂိတ်ဖြစ်တယ်ဗျ။ မလွှဲတောင်နေရာက ဂိတ်အပြင် တောင်ကုန်းပေါ်မှာ အထိုင်ချထားပြီး ဟောင်ဝင်ဇာ လက်နက်ပါ အထိုင်ချထားတဲ့ စခန်းကုန်းဂိတ်လည်း ဖြစ်တယ်ဗျ” ဟု ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝာာဝန်ရှိသူက‌ ပြောသည်။
၎င်းတိုက်ခိုက်မှုကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)၏ ဒရုန်းတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF ၊ Ye Air Force (YAF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်၁ တပ်ရင်း SKY Ghost Drone Force တို့ ပူးပေါင်း‌ဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ မဟာမိတ်တပ်ဖွဲ့အနေဖြင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။May be an image of skydiving and text
(ပြန်လည်ပြင်ဆင်တည်းဖြတ်ထားပါသည်။)