၁၀၂၇ စစ်ဆင်‌ရေးအတွင်း ကရင်နီ တပ်စိတ်မှူး စတီးဗင်းဒီဇိုင်း ကျဆုံး

7 months ago

နိုဝင်ဘာ ၉
ရှမ်းမြောက်ပိုင်း စခန်းသိမ်းတိုက်ပွဲ တနေရာတွင် တိုက်ပွဲဝင်ရင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ အမှတ် (၈)တပ်ရင်းမှ တပ်စိတ်မှူး ရဲဘော် စတီးဗင်းဒီဇိုင်း ကျဆုံးခဲ့ရကြောင်း အဆိုပါတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
မဟာမိတ်တပ်ပေါင်းစု တပ်ရင်းအမှတ် (၆၀၆) တွင်တာဝန်ထမ်းဆောင်နေသော KNDF B/08 မှ တပ်စိတ်မှူး ရဲဘော် စတီးဗင်းဒီဇိုင်းသည် နိုဝင်ဘာ ၆ ရက်နေ့က ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် စစ်ကောင်စီတပ်အား ရွံ့ရွံ့ချွံချွံတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်းနှင့် ကျဆုံးရဲဘော်အား KNDF/B08 မှ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ဖော်ပြထားသည်။