အဖွဲ့အစည်း ငါးခုက MNDAA ထံ ငွေကျပ် သိန်း ၅၀၀၀ လှူဒါန်း

7 months ago

နိုဝင်ဘာ ၂၆
ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့က ဗမာအဖွဲ့အစည်း ငါးခုက MNDAA ထံ ငွေကျပ် သိန်း ၅၀၀၀ လှူဒါန်းခဲ့သည့် အခမ်းအနားကို ချင်းရွှေဟော်ဒေသတွင် ပြုလုပ်ခဲ့ကြောင်း The Kokang တွင် ဖော်ပြထားသည်။
ယင်းသို့ လှူဒါန်းခဲ့သည့် အဖွဲ့အစည်းများတွင် General Strike Coordination Body (GSCB)၊ CDM Medical Network ၊ Medical Family Mandalay ၊ Yangon Medical Network ၊Chindwin Medical and Humanitarian Network တို့ ပါဝင်ပြီး ၎င်းတို့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး Operation ကြီး၏ လုပ်ဆောင်မှုများကို တောက်လျှောက် ဂရုပြုလာကာ ယခုလို့ ထောက်ပံ့လှူဒါန်းသောနည်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ ဘုံရန်သူဖြစ်သော မင်းအောင်လှိုင်အဖွဲ့အစည်းနှင့် လက်အောက်ခံရုပ်သေးအဖွဲ့များအား တိုက်ဖျက်ရန်လည်း ပြောဆိုခဲ့ကြကြောင်း သိရသည်။
MNDAA အနေဖြင့်လည်း တော်လှန်ရေး၏ ဘုံရည်မှန်းချက် ဖော်ဆောင်ရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ ယခု ထောက်ပံ့လှူဒါန်းပေးသော ငွေကြေးများကို ဒုက္ခသည်များအား ကယ်ဆယ်ပေးခြင်း ၊ ဒဏ်ရာရသူများအား ကုသပေးခြင်းနှင့် တိုက်ပွဲဝင်ရဲဘော်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။