အင်မထီးပျူရွာမှ ထွက်လာသော အင်အား ၁၂၀ ပါ ရိက္ခာပို့စစ်ကြောင်း အလစ်အငိုက် တိုက်ခိုက်ခံရပြီး ပျူ နှစ်ဦး သေဆုံး၊ စကစ ငါးဦး ပြင်းထန်ဒဏ်ရာရဟုဆို

3 months ago

မတ် ၈
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးပျူရွာသို့ ရိက္ခာပို့ပြီး ထွက်လာသော စစ်ကြောင်းအား အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ပျူ နှစ်ဦး သေဆုံးပြီး စကစ ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Sothern YSO PDF အဖွဲ့က ထုတ်ပြန်ထားသည်။
မတ် ၆ ရက် နေ့လယ် ၁:၃၀ နာရီခန့်က ရိက္ခာပို့ထွက်လာသော ပျူစောထီး နှင့် စကစ အင်အား May be an image of 1 person, tree and grass၁၂၀ ပါ စစ်ကြောင်းအား ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA နှင့် Sothern YSO PDF အဖွဲ့တို့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်မျက်နှာ တဖက်မှ ၆၀ မမ စိန်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဉ်အတွင်း ပျူ နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ
စကစ ငါးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအနက် သုံးဦး သေဆုံးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
“သူတို့က တစ်လ တစ်ကြိမ်နှုန်းလောက် ရိက္ခာပို့ကြတယ်။ တခါတလေ နှစ်လ တစ်ကြိမ်၊ တစ်လခွဲ တစ်ကြိမ်လောက်ပေါ့။ ပုလဲမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ ပုလဲမြို့ဘက်မှာ ဇီးဖြူကုန်း ပျူရွာရှိတယ်။ အင်မထီး ပျူရွာရှိတယ်။ အဖက်ဖက်ကနေ ပိတ်ထားတဲ့ အချိန်မှာ သူတို့အတွက် ရိက္ခာရဖို့ ခက်ခဲတယ်။ အဲဒီတော့ သူတို့က စစ်ကြောင်းဝင်တယ်။ ရွာတွေကနေ ရိက္ခာတွေ ယူတယ်။ အဲဒီလိုတွေ လတိုင်း လတိုင်း သူတို့လုပ်နေကျပါ” ဟု Sothern YSO PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
ဖြစ်စဉ်အတွင်း Southern YSO PDF မှ ရဲဘော် တစ်ယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။