အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရ (ဇူလိုင် ၉)

11 months ago

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ချောင်းနားကျေးရွာရှိ Mytel တာဝါတိုင်တွင် ထောင်ထားသော မိုင်းနင်းမိ၍ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၈ ရက်နေ့က အုတ်သျှစ်ကုန်းအုပ်စု၊ ချောင်းနားကျေးရွာနေ ဦးမျိုးသိန်းသည် ၎င်းပိုင်နွားများအား နွားကျောင်းထွက်စဉ် ရွာ၏အနောက်ဘက်ရှိ Mytel တာဝါတိုင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ထောင်ထားသော နင်းမိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” မနေ့ကည ၁၁ နာရီလောက်က ဖြစ်တာပါ။ သူက အိမ်ကနေ နွားကျောင်းထွက်တာ သူနဲ့အတူနွားလည်း သုံးကောင်ပါသွားတယ်။ နင်းမိုင်းနင်းမိတာ သူ့နွားက နင်းမိတာ။ ပေါက်ကွဲတဲ့အခါကျတော့ သူပါဒဏ်ရာ ရတာ။ နွားကတော့ ရစရာမရှိဘူး။ ခြေထောက်တွေကအစ စုတ်ပြတ်သတ်နေတာ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် မေလ ၁၁ နေ့ကလည်း အုတ်ဖိုမြို့နယ်၊ အုတ်သျှစ်ကုန်းအုပ်စု၊
အေးရွာအနီးရှိ တရုတ်ဓါတ်ငွေ့ပိုက်လိုင်း bar channel အနီးတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ဆိတ်တစ်ကောင်သေဆုံးခဲ့ရပြီး လူတစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဂျင်
(ပုံစာ – အုတ်ဖိုမြို့နယ်က Mytel တာဝါတိုင်ကို တွေ့ရစဉ်)
Photo – CJ