ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ စကစနှင့် ပြည်သူ့စစ် ၅ ဦး သေဆုံး

4 months ago

ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် PNLA စစ်ကြောင်းနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပြီး စကစတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ် ၅ ဦးသေဆုံးကာ သေနတ် ၄ လက်ရရှိခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ဟိုပုံးမြို့နယ် တနေရာတွင် လုံခြုံရေးဆိုင်ရာ လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ကြောင်းကို စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက လာရောက်တိုက်ခိုက်သဖြင့် နံနက် ၁၁ နာရီ မှ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းနောက် PNLA က နယ်မြေရှင်းလင်းရာ စကစနှင့် လက်အောက်ခံ ပြည်သူ့စစ် အလောင်း ၅ လောင်း ကျန်ရှိခဲ့ပြီး ခဲယမ်း ကျည်ဆံများ အပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
No photo description available.
အလားတူ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ပင် စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များက မဲနယ်တောင်ဒေသကို လက်နက်ကြီး ၅၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ကျောက္ကဆျာႏကျေးရွာမှ နေအိမ် ၁ လုံး လုံး၀ ပျက်စီးခဲ့ပြီး အခြားနေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်မှုရှိခဲ့ကြောင်း၊ စစ်တပ်က ကျေးရွာများအတွင်းသို့ နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
No photo description available.ယမန်နေ့တွင် စစ်ကောင်စီနှင့် အပေါင်းအပါ ပြည်သူ့စစ်များသည် ဟိုပုံးမြို့ဘက်မှနေပြီး ထမ်းဆန်းဂူဒေသ အနီးတဝိုက်ကိုလည်း လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် တမင် ပစ်ခတ်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ နေရာများမှာ PNLA တပ်ဖွဲ့ဝင်များ တည်ရှိသည့်နေရာ မဟုတ်သလို တပ်စွဲထားခြင်းလည်း မရှိကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ PNLA တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည် ဖြစ်ကြောင်းလည်း PNLA က သတင်းထုတ်ပြန်ဖော်ပြထားသည်။