သံတောင်ကြီးမြို့နယ်ရှိ မိုင်းလွန်ပင်မစခန်းကို သုံးရက်ကြာ တိုက်ခိုက် သိမ်းပိုက်၊ စကစတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံး

4 months ago

ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် တိုင်းစစ်ဌာနတို့ ပူးပေါင်းကာ သုံးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၄င်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း မီးရှို့ဖျက်ဆီးထားသော စကစ အလောင်း ၇ လောင်း အပါအဝင် စကစတပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်၊ ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။