သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး ဒဏ်ရာရ

3 months ago

မတ် ၁၉
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း KNU တပ်မဟာ ၆ မှ အတွင်းရေးမှူး ဖဒို လစ္စတန်က‌ ပြောသည်။
ယမန်နေ့ မတ် ၁၈ ရက်နေ့က Y-12 ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အသက် ၄၀ အရွယ် ဦးကိုလေးနှင့် အသက် ၁၀ နှစ်အရွယ် မောင်ထွန်းမင်းခန့်တို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
May be an image of 1 person, acupuncture and hospital“၁၀ နှစ် ကလေးက ယာဘက်ခြမ်း လက်မောင်းအနောက်ကို ထိပါတယ်။ ဦးကိုလေးကတော့ ယာလက်ချောင်းတွေနဲ့ ဝဲခြေကျင်းဝတ်ကို ထိခိုက်ကြောင်းပြောပါတယ်။ စကစ က တိုက်ပွဲဖြစ်တဲ့နေရာချည်းပဲ လိုက်ပစ်ခတ်တာမဟုတ်ဘူးဗျ။ တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားတယ်လို့ ယူဆရတဲ့နေရာစုံကို ရမ်းသမ်းပြီး ပစ်ခတ်တိုက်ခိုက်တာခင်ဗျ။ ကျိုက်ဒုံလည်း ထိုနည်း၎င်းပဲဗျ။ ပွဲက ပြီးတာကြာပြီ။ လူထုကြားထဲ ခိုအောင်းမယ် ခန့်မှန်းပြီး ပစ်ခတ်ဗုံးကြဲတာပဲလေ” ဟု ၎င်းက ဆက်လက်ပြောသည်။