လွိုင်ကော်တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ကွန်မန်ဒို ရဲဘော် ဟင်နရီ၏ ဈာပနမှတ်တမ်း

7 months ago

နိုဝင်ဘာ ၁၆
လွိုင်ကော်တိုက်ပွဲတွင် KNDF တပ်ရင်းအမှတ်(၈)မှ ကွန်မန်ဒို ရဲဘော် ဟင်နရီ ကျဆုံးခဲ့ရကြောင်း အဆိုပါတပ်ရင်းက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကွန်မန်ဒို ရဲဘော် ဟင်နရီသည် နိုဝင်ဘာ ၁၄ ရက် လွိုင်ကော်တိုက်ပွဲတွင် ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် စစ်ကောင်စီတပ်အား ရွံ့ရွံ့ချွံချွံတိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်းနှင့် ကျဆုံးရဲဘော် ဟင်နရီအား KNDF /B08 မှ သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း ဖော်ပြထားသည်။