လေယာဉ်ဆီသင်္ဘောကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်

3 months ago

မတ် ၁
အကြမ်းဖက်စစ်ကောင်စီ၏ စစ်လေယာဉ်၊ စစ်ရဟတ်ယာဉ်များတွင် အသုံးပြုမည့် လေယာဉ်ဆီ သယ်ဆောင်လာသည့် လေယာဉ်ဆီတင် သင်္ဘောကို ရန်ကုန်တိုင်း ပကဖ က တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။
May be an image of fire and oil refinery
၂၀၂၄ ခုနှစ်၊ မတ် ရက်နေ့၊ နံနက် ၂ နာရီ‌ကျော်တွင် ရန်ကုန် MEC ထီးတန်းဆိပ်ကမ်း၌ ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အသံက အုန်းခနဲပဲ။ အိမ်တွေတောင် တုန်တယ်။ ကျယ်လွန်းလို့ ထတောင် ထိုင်မိတယ်” ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။
May be an image of fire and oil refinery
မတ်လ ၁ ရက်၊ နံနက် ၂:၂၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၄ စီးထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၃:၃၅ နာရီတွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်ဌာနကလည်း ထုတ်ပြန်ထားသည်။