ရှမ်းမြောက်စစ်မြေပြင်သို့ မသွားလိုသော စကစတပ်သားတစ်ဦး ဖယ်ခုံ PDF ထံ အလင်းဝင်

7 months ago

နိုဝင်ဘာ ၈
ကယား(ကရင်နီ)မှ စကစတပ်ရင်းများအား ရှမ်းမြောက်စစ်မျက်နှာသို့ ပို့ဆောင်ရန် လမ်းကင်းလုံခြုံရေးဆောင်ရွက်နေစဉ် ထွက်ပြေးလွတ်မြောက်လာသော စကစတပ်သားအဆင့်ရှိ ရဲဘော်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ကြောင်း PEKHON PDF -2 (B-1006) က သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၇ ရက်နေ့ နေ့လယ်က PEKHON PDF -2 (B-1006) ဗိုလ်တထောင်တပ်ခွဲထံသို့ ဖယ်ခုံအခြေစိုက် ခမရ -၄၂၂ တပ်မှ တပ်သားတစ်ဦး အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ ၎င်းအား ဆုငွေပေးအပ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း PEKHON PDF-2(B-1006) ထံသို့ စကစတပ်သား ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။