မုံရွာ တိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့ရသည့် အသက် ၁၉ နှစ်အရွယ် တပ်စိတ််မှူး စိုးမြတ်မင်း (ခ) ရဲဘော် အာဗြဲ၏ ဈာပနအခမ်းအနား

4 months ago

ဖေဖော်ဝါရီ ၇
မုံရွာမြို့နယ်၊ နဂါးတွင်းရွာနှင့် လယ်တော်ရွာကြားတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ အသက် ၁၉ နှစ်အရွယ်သာရှိသေးသော တပ်စိတ််မှူး စိုးမြတ်မင်း (ခ) ရဲဘော် အာဗြဲ ကျဆုံးခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ ရက်‌နေ့တွင် တောပု ပျူရွာမှ စတင်ထွက်ခွာလာပြီး ဘူးဘရွာတွင် ညအိပ် အခြေပြုခဲ့သော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်များမှ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်၍ လယ်တော်ရွာနှင့် နဂါးတွင်းရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ပွဲတွင် တပ်စိတ််မှူး စိုးမြတ်မင်း (ခ) ရဲဘော် အာဗြဲ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ ကျဆုံးခဲ့ရကြောင်း သိရသည်။
“သူက လက်နက်ကြီး ၁၂၀ မမ ထိပြီး ဒဏ်ရာရခဲ့တာပါ။ အဲဒီဒဏ်ရာနဲ့ပဲ ကျဆုံးခဲ့ပါတယ်။ ၃ ရက်နေ့မှ ထိပြီး ၅ ရက်နေ့မှာ ကျဆုံးခဲ့တယ်။ ၆ ရက်နေ့မှာ ဈာပန ပြုလုပ်ခဲ့ပါတယ်” ဟု မုံရွာခရိုင် အမှတ် (၅) တပ်ရင်း A.S.F မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ တပ်စိတ််မှူး စိုးမြတ်မင်း (ခ) ရဲဘော် အာဗြဲ ၏ စျာပနကို ယမန်နေ့က ကျင်းပခဲ့ကာ အခမ်းအနားတွင် အလေးပြုခြင်း၊ အမိန့်ပြန်ခြင်း၊ သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။