မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ လူငယ်ငါးဦးအား ပစ်ခတ်ဖမ်းဆီး (ဇူလိုင် ၉)

11 months ago

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အပြစ်မဲ့ပြည်သူ လူငယ်အမျိုးသားငါးဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်း ကားလေးကွင်းတောင်ဘက် အင်းဖြတ်လမ်းဆုံအနီးသို့ မော်တော်ဆိုင်ကယ်နှစ်စီး စီးနင်းလာသော လူငယ်များအား ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဆိုင်ကယ်နှစ်စီးကို လူငါးဦးစီးလာတာ။ အဲဒါကိုမတားဘဲနဲ့ တန်းပြီးတော့ ပစ်ခတ်ဖမ်းဆီးတာ။ အကုန်လုံးဒဏ်ရာရကြတယ်။ အဲဒီကလေး ငါးဦးကိုလည်း ဆေးခန်းတို့ ဆေးရုံတို့မပို့ဘဲနဲ့ ၉ နာရီခွဲတဲ့အထိ လက်ပြန်ကြိုးတုတ်ပြီးတော့ နေပူကြီးထဲမှာ ပစ်ထားတယ်”ဟု မုံရွာမြို့ ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မုံရွာမြို့၊ ပြည်ထောင်စုလမ်း ကားလေးကွင်းတောင်ဘက် အင်းဖြတ်လမ်းစုံတွင် ကားများနှင့် မော်တော်ဆိုင်ကယ်များအား နေ့စဉ် စစ်ဆေးကာ ငွေတောင်းခံနေကြောင်း သိရသည်။
ဂျင်