မိုင်းလွန်ပင်မ စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် ၄ ဦး၏ ဈာပန ပြုလုပ်

4 months ago

ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျူဟာလက်အောက်ခံ မိုင်းလွန်ပင်မစခန်းသိမ်း တိုက်ပွဲတွင် နေပြည်တော်စစ်တိုင်းဌာန၊ ဗျူဟာအမှတ်(၂)မှ ရဲဘော် ၄ ဦး မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ကြောင်း နေပြည်တော် PDF က သတင်းထုတ်ပြန်ထားသည်။
၎င်းရဲဘော် ၄ ဦးမှာ အမှတ် (၈၀၂) တပ်ရင်းမှ ရဲဘော် အုပ်စိုး၊အမှတ် (၈၀၃) တပ်ရင်းမှ ရဲဘော် မိုက်ကယ်၊အမှတ် (၈၀၅) တပ်ရင်းမှ ရဲဘော် ဝိပေါက်နှင့် ရဲဘော် အငယ်ကောင်တို့ဖြစ်ကာ ကျဆုံးရဲဘော်များ၏ စျာပန အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြင့်မြတ်စွာ အသက်ပေးခဲ့သည့် အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုအပ်ကြောင်းလည်း ဖော်ပြထားသည်။