မင်းလှမြို့နယ်အတွင်း ပျူစောထီးတစ်ဦး ထပ်မံ ရှင်းလင်းခံရ

5 months ago

“စ – တွေ မောင်းချလို့ ပြေးနေရတဲ့ ပြည်သူ့အိမ်တွေကို စ – နဲ့ပေါင်းပြီး သူ့ကားနဲ့ ဖျက်သယ်တာ။ စစ်ရှောင်ယာခင်းတွေထဲက ကျန်ခဲ့တဲ့ မြေပဲခင်းတွေ၊ နှမ်းခင်းတွေဆို သူပဲ အကုန်ယူတာ”
ရဲဘော်ရိုးမမြေ
=============
ဖေဖော်ဝါရီ ၆
ပြည်သူ့အိုးအိမ်များနှင့် ပြည်သူပိုင် ယာခင်းများအား မတရားလုယူနေသော ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပက်တန်းအုပ်စု၊ မုက္ခာကျေးရွာမှ ပျူစောထီးတစ်ဦးအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရှင်းလင်းလိုက်ကြောင်း သိရသည်။
“မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းဘေးက စ – တွေ မောင်းချလို့ ပြေးနေရတဲ့ ပြည်သူအိမ်တွေကို စ – နဲ့ ပေါင်းပြီး သူ့ကားနဲ့ ဖျက်သယ်တာ။ စစ်ရှောင်ယာခင်းတွေထဲက ကျန်ခဲ့တဲ့ မြေပဲခင်းတွေ၊ နှမ်းခင်းတွေဆို သူပဲ အကုန်ယူတာ။ စကစတွေကို ရိက္ခာထောက်ပံ့ပေးတာတွေ၊ စကစတွေ ရိုးမပေါ် သွားလာဖို့ ကားနဲ့ အကြိုအပို့ လုပ်ပေးတာတွေကြောင့် ရှင်းရတာ ဖြစ်ပါတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေက ပြောသည်။
ရှင်းလင်းခံရသူမှာ ပျူစောထီး “ရှိုင်းလင်းအောင်” ဆိုသူဖြစ်ကြောင်းနှင့် ၎င်းအား ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၁ နာရီ ခွဲအချိန်တွင် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်အနီး၌ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက အသက် ၄၀ ဝန်းကျင် ရှိမယ်။ သတိပေးတာ မရှိဘူး။ သူက ရိုးမထဲ မလာတာ တော်တော်ကြာပြီ။ ကျွန်တော်တို့ လမ်းလုံခြုံရေး ဆောင်ရွက်နေတုန်း ဆိုင်ကယ်တဦး တက်လာတာနဲ့ ကြည့်လိုက်တော့ ပျူစောထီး ရှိုင်းလင်းအောင် ဖြစ်နေတာ။ သူက ကျွန်တော်တို့တွေ့တော့ ထွက်ပြေးတာ။ ဝိုင်းပိတ်ဖမ်းပြီး ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာ စ – တွေ ရှိနေတာနဲ့ အသံတိတ်ရှင်းလိုက်ပါတယ်”ဟု ရဲဘော် ရိုးမမြေက Spring of Burma Media သို့ ဆက်၍ပြောသည်။
ရှင်းလင်းခံရသူ ပျူစောထီး ရှိုင်းလင်းအောင်ထံမှ ဆိုင်ကယ်တစ်စီး၊ မိုဘိုင်းလ်ဖုန်းတစ်လုံး၊ ငွေသား တစ်ထောင်ကျပ်နှင့်မှတ်ပုံတင်တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
(သေဆုံးဓာတ်ပုံများအား တယ်လီဂရမ်ချန်နယ် https://t.me/Springofburmamedia တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။)