ဘုရားဖြူတိုက်ပွဲတွင် အသက် ၂၆ နှစ်အရွယ် ရဲဘော် လားရှိုး ကျဆုံးခဲ့ရ

7 months ago

နိုဝင်ဘာ ၁၅
ကရင်နီပြည်၊ ဘုရားဖြူတိုက်ပွဲတွင် အသက် ၂၆ နှစ်အရွယ် ရဲဘော် လားရှိုး ကျဆုံးခဲ့ရကြောင်း Loikaw PDF မှ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၁ ရက်နေ့ ဘုရားဖြူတိုက်ပွဲတွင် အသက်ပေးခဲ့သည့် သူရဲကောင်း ရဲဘော် လားရှိုး၏ ဈာပန အခမ်းအနားကို ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့‌ကြောင်းနှင့် တိုက်ပွဲများစွာတွင် ပါဝင်ခဲ့သော ရဲဘော် လားရှိုး၏ ပေးဆပ်မှုအား လွိုင်ကော် PDF မှ နှမြောတသ ဝမ်းနည်းရသလို လေးစားဦးညွတ်အလေးပြုရကြောင်းလည်း ဖော်ပြထားသည်။