ဖားကန့်ရှိ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ (ဇူလိုင် ၉)

11 months ago

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးအား အမည်မသိလက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖားကန့်မြို့၊ ဆိပ်မူအုပ်စု၊ မှော်ရှန်ကျေးရွာရှိ ရှင်းရင် ဟိုတယ်ပိုင်ရှင်ဒေါ်ဖြူဖြူသန့်အား ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ၎င်း၏ နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အလောင်းအား လမ်းမပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အလောင်းကို ဆိုင်းတောင်ရွာဟောင်းလမ်းဆုံမှာ ပြန်ပြီးတော့ တွေ့တာပါ။ သေနတ်နဲ့အပစ်ခံရတယ်လို့တော့ ပြောပါတယ်။ ဘာကြောင့် အပစ်ခံရတယ်ဆိုတာကတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေါ်ဖြူဖြူသန့်အား မည်သည့်အဖွဲ့က သတ်ဖြတ်သွားသည်ကို မသိရသေးကြောင်းလည်း သိရသည်။
ဂျင်
(ပုံစာ – သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ဒေါ်ဖြူဖြူသန့်)
Photo – CJ