ပဲခူး၊ သာယာဝတီတွင် တစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွား၊ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး

4 months ago

“ကျွန်တော်တို့ တပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးမှာ အားကိုးရတဲ့သူပါ။ သူ့မှာ ဇနီးနဲ့ သားသမီး သုံးယောက်ကျန်ခဲ့ပါတယ်”
သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူ
===========
ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ခါချဥ်တောင်ပေါ်သို့ တက်လာသည့် အကြမ်း ဖက်စစ်ကောင်စီနှင့် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲမှာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းနေ့တစ်ရက်အတွင်းမှာပင် တိုက်ပွဲလေးကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
May be an image of text“ကျဆုံးရဲဘော်ကုလားက အသက် ၃၆ နှစ် ရှိပါပြီ။ ကျွန်တော်တို့တပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးမှာ အားကိုးရတဲ့သူပါ။ သူ့မှာ ဇနီးနဲ့ သားသမီးသုံးယောက် ကျန်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းနေ့တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းမှာ အင်အား ၄၀ ခန့် ရှိကြောင်းနှင့် နံနက် ၁၀ နာရီမှစတင်၍ ၄၈ ပေါက် ဖုတ်တက်ကြီးအဆင်းတွင် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက်စစ်တပ်မှ ၁၅ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
May be an image of 6 people and grass“ခြေလျင်တက်လာတဲ့ စစ်ကြောင်းကို ဖုတ်တက်ကြီးအဆင်းမှာ စောင့်ပြီး မိုင်းဆွဲတော့ စ-တွေ‌ သေကုန်တယ်။အဲဒီအလောင်းတွေကို ကောက်ဖို့ စ-တွေ ကားခေါ်တဲ့အသံကြားရတာကြောင့် လမ်းတဝက်ကနေ စောင့်နေတုန်း ဖောကားနဲ့ တက်လာကြတာမို့ ပျဥ်းကတိုးခင်းနားမှာ ၄၀ မမနဲ့ပစ်ခဲ့တယ်။ အဲဒီမှာလည်း ဒီကောင်တွေ ထပ်သေတယ်။အဲဒီဖောကားမှာ ထိသူတွေဆီကို စစ်ကူလာတဲ့ ခြေလျင်ထပ်တက်လာတဲ့ စ-တွေကိုလည်း ပက်ကွေ့ကြီးအဆင်းမှာ စောင့်မိုင်းဆွဲပြီး အပြန်အလှန်ပစ်ခဲ့ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ဘက်က ရဲဘော်ကုလားကျသွားပြီးစ-တွေလည်း ထပ်သေကြတယ်။ ရှေ့က နေရာသုံးခုက စ- အလောင်းတွေ ကောက်ဖို့ ခြေလျင်ထပ်ရောက်လာတဲ့စ-တွေကိုလည်း ရှောက်ပင်ချောင်းနားမှာ မိုင်းစောင့်ဆွဲပြီး တစ်နာရီလောက် ပစ်ကြတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်၍ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက် တိုက်ပွဲလေးကြိမ်အတွင်းအကြမ်းဖက် စစ်ကောင်စီဘက်မှ ၄၀ ဦးသေဆုံးပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ရှိတွင် တိုက်ပွဲများဆက်၍ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ရိုးမအတွင်း သွားလာမှုများ မပြုကြရန်လည်း ယင်းတပ်ဖွဲ့မှ အသိပေးထားကြောင်း သိရသည်။