ပဲခူးမြို့ရှောင်လမ်းရှိ အကြမ်းဖက်စကစ ထောက်ပို့တပ် ပင်မဂိတ်ပေါက်အား မိုင်းခွဲ တိုက်ခိုက် အပြင်းအထန်ဒဏ်ရာရသူ ဂိတ်စောင့် သုံးဦးအနက် တစ်ဦး သေဆုံး

9 months ago

အောက်တိုဘာ ၆
ပဲခူးမြို့ရှောင်လမ်းရှိ အကြမ်းဖက် စစ်ကောင်စီထောက်ပို့တပ် ပင်မဂိတ်ပေါက်အား ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်ဂိတ်စောင့် သုံးဦး မိုင်းစထိမှန်၍ အပြင်းအထန်ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ပဲခူးမြို့ရှောင်လမ်းရှိ အကြမ်းဖက်စစ်ကောင် စီ ပင်မဂိတ်ပေါက်အား မိုင်းခွဲတိုက်ခိုက်သည့် မစ်ရှင်အား ပဲခူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)နှင့် Daik-U Defence Force (DDF)တို့မှ အောက်တိုဘာ ၃ ရက် ည ၈ နာရီကျော်အချိန်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၍ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမစ်ရှင်ကြောင့် မိုင်းစထိမှန်၍ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက် စကစ ဂိတ်စောင့် သုံးဦးအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားဟု သိရကြောင်းနှင့် အဆိုပါ မိုင်းစထိမှန်သူ သုံးဦးအနက် တစ်ဦးမှာ အောက်တိုဘာ ၄ ရက် နံနက်တွင် သေဆုံးသွားပြီဖြစ်ကာ ကျန်နှစ်ဦးမှာအရေးပေါ်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း Daik-U Defence Force (DDF) မှ ထုတ်ပြန်သည်။
ယင်းမစ်ရှင်ဖော်ဆောင်သော ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ယခုအခါ ဘေးကင်းရာ ဝပ်ကျင်းနေရာသို့ ရောက်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။