ပဲခူးတွင် လက်နက်ဖြင့် အလင်းဝင်မည့် စကစများ တိုက်ရိုက်ချိတ်ဆက်လာရန် UGF (Okpo) ဖိတ်ခေါ် လက်နက်အလိုက် ဆုကြေးများအား ကျပ်သိန်း ၃၀ မှ သိန်း ၁၄၀ အထိ သတ်မှတ်ထား

4 months ago

ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် လက်နက်ဖြင့် အလင်းဝင်လာမည့် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်အလိုက် ဆုကြေးများ သတ်မှတ်ကာ ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)ထံမှ သိရသည်။
“စိတ်ဓာတ်အင်အား ယိုင်နဲ့နေတဲ့ စစ်ကောင်စီတပ်က တပ်သားတွေကို ဖိတ်ခေါ်ပါတယ်။ တဆင့်ခံ၊ နှစ်ဆင်ခံအနေနဲ့ ချိတ်ဆက်လာဖူးတာတွေတော့ ရှိပါတယ်။ တကယ်တော့ ဝင်မလာသေးပါ။ အဲဒါကြောင့် ရဲရဲဝံ့ဝံ့ တိုက်ရိုက်ချိတ်ဆက်စေချင်တာကြောင့် အခုလို စာထုတ်ရခြင်းဖြစ်ပါတယ်”ဟု သာယာဝတီခရိုင်တပ်ရင်း – ၃၈၀၂၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောသည်။

May be an image of text

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံ လက်နက်ဖြင့် အလင်းဝင်လာမည့်သူများအား လက်နက်အလိုက် ဆုကြေးများ သတ်မှတ်ထားကြောင်းနှင့် အလင်းဝင်မည့် မိသားစုများအား လုံခြုံရာသို့ ဘေးကင်းစွာ ပို့ဆောင်နိုင်ရေးကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်နက်အလိုက် ဆုကြေးများအား ကျပ်သိန်း ၃၀ မှ သိန်း ၁၄၀ အထိ သတ်မှတ်ထားကြောင်းလည်း သိရသည်။