ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးများအား စစ်ကြောင်း သုံးကြောင်းဖြင့် တိုက်ခိုက်၊ ထိခိုက်မှုများ ရှိနိုင်

3 months ago

မတ် ၂၈
(၇၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်သို့ ဝင်ရောက်ကာ ရဲစခန်းနှင့် ထွေအုပ်ရုံးများအား စစ်ကြောင်း သုံးကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများပြားနိုင်ကြောင်း ကျားသစ်နက်တပ်မတော်က ထုတ်ပြန်ထားသည်။
ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးများအား ယမန်နေ့ မတ် ၂၇ ရက်နေ့ နံနက် ၈:၃၀ နာရီမှ စတင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁:၃၀ နာရီတွင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်များပြားကာကျားသစ်နက်တပ်ဖွဲ့ဝင် တစ်ဦးနှင့် မဟာမိတ်ဘက်မှ သုံးဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကြောင်း သုံးကြောင်းက စစ်ရေးဗျူဟာအရ ခွဲခဲ့တာပါ။ ရဲစခန်းကို အဓိကထားပြီး ထွေအုပ်တို့ အထကတို့ကို ကျန်တဲ့စစ်ကြောင်းက ကာထားတဲ့သဘောပါ” ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ ကိုဥက္ကာက ပြောသည်။
ယင်းတိုက်ခိုက်မှူအား ကျားသစ်နက်တပ်မတော် Black Leopard Army မှ (ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်း-၁၅ )တပ်ရင်း ၊ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ) တိုးနယားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်အမှတ် (၁၂) တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် (၂၉) တပ်ရင်း ဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့၊ တို့အညာ ပြောက်ကျားတပ်ဖွဲ့၊ 96 Soldiers၊ Scarlet တပ်ဖွဲ့တို့ ပူးပေါင်းဖေါ်ဆောင်ခဲ့ကြောင်း သိရသည်။