ပင်လယ်ဘူးမြို့နယ်၊ ပလူတာကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် နိုင်မင်းဌေး (ခ) ကလေးစစ်သား၏ အရိုးပြာကို ဂူသွင်းဈာပန ပြုလုပ်

3 months ago

“သူရှေ့တန်းမထွက်ခင်က ရှေ့တန်းကပြန်လာရင် သပြေခက်နဲ့ ကြိုပေးပါလို့ အတန်တန်မှာခဲ့တယ်”
=============
မတ် ၂၀
May be an image of 1 person and childယင်းမာပင်ခရိုင်တပ်ရင်း အမှတ်(၁၂) တပ်ခွဲ (၃) TRIPLE-R ၏ ရဲဘော် နိုင်မင်းဌေး (ခ) ကလေးစစ်သားသည် ပင်လယ်ဘူးမြို့နယ်၊ ပလူတာကျေးရွာတိုက်ပွဲမှ ရရှိသော ဒဏ်ရာများဖြင့် ကျဆုံးခဲ့ရပြီး ယနေ့ မတ် ၂၀ ရက်နေ့တွင် အရိုးပြာကို ဂူသွင်း ဈာပန ပြုလုပ်ခဲ့ကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရာမက ပြောသည်။
“၁၃ ရက်နေ့ မနက် ၅ ခွဲ၊ ၆ နာရီလောက်အချိန်မှာ စ – တွေက ကျွန်တော်တို့ ရဲဘော်တွေ အရင်နေ့က တိုက်ပွဲဖြစ်ပြီး နားတဲ့ရွာကို ဇွတ်ဝင်လုံးတာ။ ကျွန်တော်တို့ရဲဘော်တွေ ရှိတာ သူတို့က သိနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က စစ်ကြောင်းသုံးကြောင်းခွဲပြီး စ – တွေကို ညှပ်ပစ်ကြတယ်။ စစ်ကြောင်း ၂ နဲ့၃ က အရင် စ – တွေနဲ့ အရင်ဆော်တာ။ စစ်ကြောင်း ၁ က ကြားကနေ ဝင်ပစ်တာ။ စ – တွေ အထိနာပြီး ပိတ်မိတယ်။ စ – တွေက ဘယ်လိုမှ ပြန်ဆုတ်မရတော့ လေကြောင်းပစ်ကူခေါ်ပြီး ပြန်ဆုတ်သွားတယ်။ ပြန်မဆုတ်ခင်လေးမှာ ကျွန်တော်တို့ ရဲဘော် နိုင်မင်းဌေး (ခ) ကလေးစစ်သားက ထအပစ် စ – တွေက 40mm နဲ့ ပြန်အပစ်နဲ့ ဆုံသွားတာ။ ရဲဘော်က မှောက်လိုက်ပေမယ့် Helmet နဲ့ ကျည်ကာအင်္ကျီမပါတော့ ကျည်အစတွေက ခေါင်းနဲ့ အဆုတ်ကိုပါ ထိသွားတယ်။ ကျွန်တော်တို့မှာက မတပ်ဆင်ပေးနိုင်ဘူးလေ။ NUG ကလည်း Helmet နဲ့ ကျည်ကာအင်္ကျီက မတပ်ဆင်နိုင်ဘူးလေ။ Helmet နဲ့ ကျည်ကာသာပါရင် ကျွန်တော်တို့ ရဲဘော် ကျစရာအကြောင်း မရှိဘူး” ဟု ကိုရာမက ပြောဆိုသည်။
May be an image of 1 personအသက် ၂၂ နှစ်အရွယ်ရှိ ရဲဘော် နိုင်မင်းဌေး (ခ) ကလေးစစ်သားအား မတ် ၁၃ ရက်နေ့တွင် ရရှိထားသည့် ဒဏ်ရာများ ကုသရန် ဆေးရုံတင်ထားခဲ့ပြီး ၁၄ ရက်နေ့တွင် အနည်းငယ် ပြန်သက်သာလာသော်လည်း ၁၆ ရက်နေ့ နံနက် ၃ နာရီခန့်တွင်မူ ကျဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပင်လယ်ဘူးမြို့နယ် ပလူသာရွာမှာ တိုက်ပွဲဖြစ်တာ။ အဲဒီကနေ ကျွန်တော်တို့ တပ်ခွဲရှိရာ ပုလဲနဲ့ မြိုင်နယ်အကြားကို အလောင်းပြန်သယ်လာဖို့ကျ လမ်းခရီးအခြေအနေရယ်၊ စစ်ကြောင်းတွေ ရှိနေတာကြောင့် သူကျဆုံးတဲ့ ၁၆ ရက်နေ့မနက်မှာပဲ မီးသင်္ဂြိုဟ်ပြီး ပြာအိုးကိုပဲ ကျွန်တော်တို့တပ်ခွဲရှိရာကို ပြန်သယ်ဆောင်လာနိုင်ခဲ့တယ်။ သူရှေ့တန်းမထွက်ခင်က ရှေ့တန်းကပြန်လာရင် သပြေခက်နဲ့ ကြိုပေးပါလို့ အတန်တန်မှာခဲ့လို့ ဝမ်းသာခြင်းမဟုတ် အောင်ပွဲမဟုတ်တဲ့ ဝမ်းနည်း ပူဆွေးခြင်းများစွာနဲ့ သပြေခက်နဲ့ ကြိုပေးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။