ပခုက္ကူ GTC ကျောင်းရှိ စစ်ကောင်စီဂိတ်စခန်းကို အလစ်အငိုက် တိုက်ခိုက်၊ ရဲ နှစ်ဦး သေဆုံး

5 months ago

ဇန်နဝါရီ ၂၆
မကွေးတိုင်း၊ ပခုက္ကူ နည်းပညာတက္ကသိုလ် – GTC ကျောင်းဝန်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စကစဂိတ်စခန်းကို အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦး သေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ပခုက္ကူ – ရေစကြို ကားလမ်းမကြီးပေါ်ရှိ ပခုက္ကူ နည်းပညာတက္ကသိုလ် အထိုင်ချ ဂိတ်စခန်းတွင် ကျောင်းဝင်းအတွင်းရှိ ရေစင်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ရေစက်အဖွင့်အပိတ်ပြုလုပ်နေသော ရဲ နှစ်ဦးကို မီတာ နှစ်ဆယ် အကွာအ‌ဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီစခန်းမှာက ပုံမှန်အင်အားရယ်လို့ မရှိဘူးဗျ။ လေးငါးဆယ်၊ တခါတရံ ၇၀၊ ၈၀ လောက်အထိ ရှိတယ်။ သူတို့ဘက်က ဘာမှ ပြန်တုံ့ပြန်တာမျိုးတော့ မရှိဘူးဗျ။ ကျွန်တော်တို့ အေးအေးဆေးဆေး ပြန်ထွက်လာခဲ့ကြတာ။ သူတို့ လူကြီးလမ်းကြောင်းလည်း ရှိနေပုံ ရတယ်ဗျ။ ဂိတ်အတွင်းက စ – တွေက လမ်းမတွေပေါ်ထွက်ပြီး ဖြန့်ထားတဲ့ အခြေအနေပေါ့” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
၎င်းတိုက်ခိုက်မှုတွင် ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။