ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုအခမ်းအနားကို လွတ်‌မြောက်နယ်မြေ တနေရာတွင် ကျင်းပ၊ ရဲဘော် ၇၀ ဦးအား လက်နက်များ တပ်ဆင်ပေးအပ်

3 months ago

မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုအခမ်းအနားကို လွတ်‌မြောက်နယ်မြေ တနေရာတွင် ယနေ့ကျင်းပခဲ့ပြီး ရဲဘော် ၇၀ ဦးအား လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးအပ်ခဲ့ကြောင်း ပခုက္ကူ PDF အဖွဲ့က ထုတ်ပြန်ထားသည်။
May be an image of 3 people and textအဆိုပါစုဖွဲ့မှု ရဲဘော်များမှာ ပခုက္ကူမြို့နယ်အခြေစိုက် Young Force UG ၊ Earthquake People’s Defence နှင့် Pakokku People’s Defense Force မှ ရဲဘော် ၇၀ ဦး ဖြစ်ပြီး အဆိုပါရဲဘော်များအား စည်းလုံးရေး၊ စစ်ရေးနှင့် နိုင်ငံရေး စသည့် အရေးကြီးသည့်အချက်များ၊ စစ်သည်တော်များ လိုက်နာရမည့် စစ်စည်းမျဉ်းစည်းကမ်းများ၊ လက်နက်ကိုင်နည်း ဥပဒေလမ်းစဉ်များကို တိကျသေချာစွာ လိုက်နာရန်နှင့် နွေဦးတော်လှန်ရေး၏ အဓိကအသက်သွေးကြောဖြစ်သည့် ပြည်သူလူထု တရပ်လုံးအား အစဉ်အမြဲ ဦးထိပ်ပန်ဆင်လေးစားရန်၊ ယခင်ထက် ပိုမိုကောင်းမွန်ကျစ်လျစ်ခိုင်မာသော စုဖွဲ့မှု အင်အားစုဖြစ်ရန်နှင့် ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုဖြင့် ရရှိသော လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအဝဝကို မိမိအသက်နှင့်ရင်း၍ လေးစားတန်ဖိုးထားရန် အစရှိသည့် ရဲဘော်တစ်ဦးချင်းစီ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များနှင့် နာယကများမှ မှာကြားခဲ့‌ကြောင်း သိရသည်။
“ရဲဘော်တွေကို စည်းလုံးစေချင်တာရယ်၊ အလုပ်လုပ်တဲ့အခါ ထိရောက်စေချင်တာရယ်ကြောင့် ဒီစုဖွဲ့မှု အခမ်းအနားကို ကျင်းပရတာပါ။ အခုမှ အစပျိုးတဲ့ အခမ်းအနားပါ။ လက်နက်ကို ဘယ်သူတွေက တပ်ဆင်ပေးတယ် ဆိုတာကတော့ ပြောပြလို့ မရသေးပါဘူး” ဟု ပခုက္ကူ PDF အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
May be an image of 1 person
ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များအား စုဖွဲ့မှုသင်တန်း နောက်အပတ်စဉ်အား ပူးပေါင်းပါဝင် တက်ရောက်စေလိုကြောင်း နွေးထွေးပျုငှာလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပြီး တော်လှန်ရေး၏ အရွေ့တစ်ခုဖြစ်ရန်၊ မြို့နယ်အား ယခင်ထက်ပိုမို ကောင်းမွန်သော စုဖွဲ့မှုတစ်ရပ်ဖြစ်ရန်နှင့် တော်လှန်ရေးရဲဘော်အချင်းချင်း အပြန်အလှန် လေးစားမှုရှိစေရန်အတွက် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံအပ်ကြောင်းလည်း ဖော်ပြထားသည်။