နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးနှင့် အတူဖမ်းဆီးခံရသော အမျိုးသားတို့ကို အကြမ်းဖက်စစ်တပ် ပစ်သတ်

4 months ago

ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း လက်နက်ခဲယမ်းများ သယ်ဆောင်ခဲ့သည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးနှင့် အတူဖမ်းဆီးခံခဲ့ရသူ အမျိုးသားတို့ကို စစ်ကောင်စီတပ်က သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးတွင် ပစ်သတ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
May be an image of 2 people and textမနိုဘယ်လ်‌အေးနှင့် ကို‌လေးခွင်းဆိုသူ အမျိုးသားတစ်ဦးတို့သည် ပြီးခဲ့သည့်လ ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်းတို့အား ဝေါတရားရုံး၌ ရုံးထုတ်ရမန်ယူပြီး အပြန်တွင် ထွက်ပြေးရန် ကြိုးစားကြသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီဘက်က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော့်အစ်မနဲ့ အတူတူအဖမ်းခံရတဲ့ အမျိုးသားလေးကို ဝေါမြို့နယ် တရားရုံးမှာ ရမန်ယူတယ်။ အဲဒီကအပြန်မှာ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက် လေးခွင်းကို ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တယ်။ ပြီးတော့ ဝေါဆေးရုံကို ပို့လိုက်တယ်။ အဲဒီအချက်အလက်ကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက မိသားစုထံ အတည်ပြုပေးပါတယ်။ သူတို့ နှစ်ယောက်ကို လူမသိ၊ သူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုဟ်ခဲ့တယ်။ ဘယ်နေရာမှာ သင်္ဂြိုဟ်တယ်ဆိုတာကိုတော့ မသိရဘူး”ဟု မနိုဘယ်လ်အေး၏ မောင်ဖြစ်သူ ကိုထက်မြက်က အတည်ပြု‌ပြောဆိုထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဖော်ပြထားသည်။
“မနိုဘယ်အေးက နိုင်ငံရေးနဲ့ပတ်သက် စိတ်တအား ပြင်းတဲ့သူတစ်ယောက်ပါ။ မိသားစုကိုတောင် ဦးစားမပေးတတ်တဲ့သူမျိုး။ အဖမ်းခံရကတည်းက စိုးရိမ်နေတာ။ အခုတော့ ကျဆုံးသွားရပြီ” ဟု မနိုဘယ်‌လ်အေးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လက်နက်များ ဝှက်၍ သယ်ဆောင်လာသည်ကို သတင်းရသည့်အတွက် လုံခြုံရေးအဖွဲ့များက ပဲခူးမြို့အဝင်တွင်မော်တော်ကားတစီးကို စစ်ဆေးရာ နနွင်းအိတ်နဲ့ ဝှက်သယ်လာသည့် စနိုက်ပါ ၁ လက်၊ M 16 သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မနိုဘယ်လ်အေးနှင့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံကို ဖော်ပြခဲ့ကြသည်။
မနိုဘယ်လ်အေးသည် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွက် ပါဝင်ခဲ့သည့်အတွက် ထောင်ဒဏ် ၄၂ နှစ်အထိ ကျခံရဖူးသော နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် လောင်စာဆီကိစ္စတွင် လည်း ဖမ်းဆီးခံခဲ့ရဖူးသူဖြစ်ကြောင်း၊ ယင်းနောက်ပိုင်း Covid 19 ကာလတွင် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေခဲ့ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုလို သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။