ဒိုက်ဦးမှ အသက် ၃ နှစ်အရွယ် ပျောက်ဆုံးကလေးငယ်အား သုံးရက်အကြာတွင် ရေထဲ၌ သေဆုံးလျက် ပြန်တွေ့ ကလေးငယ်၏ ရုပ်အလောင်းတွင် ဒဏ်ရာအချို့တွေ့ရဟုဆို

4 months ago

ဖေဖော်ဝါရီ ၂၇
May be an image of 1 person, bicycle and motorcycleပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ‌ပျောက်ဆုံးပြီး သုံးရက်ခန့်အကြာတွင် Dead Body ကိုသာ ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က နေအိမ်တွင်ပင် နေထိုင်ရင်း ရုတ်တရတ်ပျောက်ဆုံးခဲ့သော ကလေးငယ် မောင်ဇွဲမာန်သစ်ကို ၂၇ ရက် နံနက်တွင် နေအိမ်နှင့် အနည်းငယ်ဝေးသော ရေထဲ၌ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကလေးတစ်ယောက်အနေနဲ့ ဘယ်လိုမှကို လမ်းလျှောက်သွားလို့ မရနိုင်တဲ့ နေရာမျိုးလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခြံထဲက ထွက်တာနဲ့ လယ်ကွင်းကို ဖြတ်ရမယ်။ အဲဒီလယ်ကွင်း‌ရဲ့ ရှေ့မှာ ရေမရှိတဲ့ မြောင်းကို ဆင်းရမယ်။ ဆင်းပြီးရင်လည်း ပြန်တက်ဖို့ မလွယ်ဘူး။ ပြီးရင် ရန်ကုန်-မန္တလေး ကားလမ်းကို ဖြတ်ပြီးမှ အခု သူ့ကို တွေ့တဲ့နေရာကို ရောက်မှာဖြစ်လို့ ကျွန်မတို့ကတော့ သူ့ခြေထောက်နဲ့ လျှောက်တာမဟုတ်ဘူးလို့ ယူဆပါတယ်” ဟု ကလေးငယ်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ကလေးငယ်၏ ရုပ်အလောင်းတွင် ဒဏ်ရာအချို့ တွေ့ရှိရကြောင်းလည်း သိရသည်။
“မချိမဆန့် Dead Body။ ဒီအရွယ်နဲ့ ဒီဒဏ်ရာ မျှတရဲ့လားကွာ။ နောက်ဆုံးခရီး ဒီနေ့ပဲ စီစဥ်လိုက်ရတော့တယ်။ ရှမ်းစုသုဿာန်” ဟူ၍ ကလေးငယ်၏ ဖခင်ဖြစ်သူကလည်း ဝမ်းနည်းစွာ ဆိုထားသည်။May be an image of deer and grass
ကလေးငယ် ထမင်းစားမည်ဆို၍ မိခင်ဖြစ်သူက ထမင်းကျွေးရန် အိမ်အတွင်းသို့ သွားရောက်ပြင်ဆင်နေချိန်အတွင်းမှာပင် ကလေးမှာ ရုတ်တရတ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရေထဲတွေ့ပေမယ့် ရေသေပါ။ ကားလမ်းကူးရတဲ့နေရာမို့ကလေးတစ်ယောက်တည်း ဘယ်လိုမှ မရောက်နိုင်တဲ့နေရာပါ။ ရေလမ်းကြောင်း မရှိပါဘူး။ အိမ်နဲ့ အနည်းငယ် ဝေးပါတယ်။ အိမ်ရဲ့ အရှေ့တောင်အရပ်မှာပါပဲ” ဟု အဆိုပါ ကလေးငယ်မိသားစုနှင့် နီးစပ်သူတစ်ဦးကလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
ယခုကလေးငယ်ပျောက်ဆုံးမှုအပေါ် စိတ်ပူပန်မှုများဖြင့် ကူညီဖြန့်‌ဝေကာ ရှာဖွေပေးသူများစွာလည်း ရှိခဲ့သလို နာမည်ကြီးဗေဒင်ဆရာတချို့မှာလည်း ယတြာများ တင်ပေးကာ ကူညီကြသည်အထိပင် စိတ်ဝင်စားမှု များပြားခဲ့ကြသည်။
ကလေးငယ် မည်သို့မည်ပုံ ပျောက်ဆုံးကာ သေဆုံးခဲ့ရသည်ကိုမူ မသိရှိရသေးပေ။
(ပြန်လည်ပြင်ဆင်တည်းဖြတ်ထားပါသည်။)