ဒိုက်ဦးတွင် ပျောက်ဆုံးခဲ့ပြီးနောက် ဒဏ်ရာများဖြင့် ရေထဲတွင် ပြန်လည်တွေ့ရှိခဲ့ရသော ကလေးငယ်၏ သေဆုံးမှုအား ရေနစ်သေဆုံးမှုဟူ၍သာ သက်ဆိုင်ရာ ရဲဌာနက ဆိုထားဟုဆို

4 months ago

“သက်ဆိုင်ရာကတော့ ရေနစ်သေဆုံးတယ်ပဲ ပြောနေတယ်။ မိသားစုဝင်တွေကတော့ အမှုမှန် ပေါ်ပေါက်စေချင်တာပေါ့။ အရမ်းလည်း ခံပြင်းစရာကောင်းတယ်”
မိသားစုနှင့် နီးစပ်သူ
==============
ဖေဖော်ဝါရီ ၂၈
May be an image of 2 people and parrotပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းရှိ နေအိမ်တွင်ပင် ပျောက်ဆုံးခဲ့ပြီးမှ ရေထဲတွင် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ရသော ကလေးငယ်၏ သေဆုံးမှုအား ရေနစ်သေဆုံးမှုဟူ၍သာ သက်ဆိုင်ရာရဲဌာနက ဆိုထားကြောင်း အဆိုပါကလေးငယ်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ အသက် ၃ နှစ်အရွယ် ကလေးငယ် မောင်ဇွဲမာန်သစ်၏ ရုပ်အလောင်းတွင် ဦးခေါင်း၊ လည်ပင်းတို့၌ ဒဏ်ရာများ ရရှိထားပြီး မျက်လုံးပြူး၊ လျှာထွက်ကာ စအိုမှာလည်း စူထွက်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်ဟု ဆိုသည်။
“သက်ဆိုင်ရာကတော့ ရေနစ်သေဆုံးတယ်ပဲ ပြောနေတယ်။ မိသားစုဝင်တွေကတော့ အမှုမှန် ပေါ်ပေါက်စေချင်တာပေါ့။ အရမ်းလည်း ခံပြင်းစရာကောင်းတယ်” ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။
ကလေးငယ်ကို ပြန်လည်တွေ့ရသည့်နေရာမှာ ကလေးတစ်ဦးအနေဖြင့် သွားရောက်နိုင်ရန် ခက်ခဲသည့်နေရာဖြစ်ကြောင်း၊ တစုံတယောက်က ခေါ်ဆောင်သွားခြင်းမျိုးသာ ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။
“ခေါ်သွားတဲ့သူက ကလေးသိတဲ့သူ ဖြစ်ဖို့များပါတယ်။ မိခင်နဲ့အတူ ရှိနေချိန်မှာကို ပိုင်ပိုင်နိုင်နိုင် ခေါ်သွားတာပါ။ ထွက်ရာလမ်းကြောင်းတစ်ခုပဲရှိပြီး အနီးနားမှာ ဖွက်ထားပုံပါပဲ။ ပျောက်ဆုံးချိန်နဲ့ သေဆုံးချိန် ကွာဟနေပါတယ်။ ကလေးကိုယ်က အရမ်းမပွသေးပါဘူး။ ပါးစပ် ဟမနေဘူး။ လျှာတစ်နေတယ်။ လက်ထဲမှာ သဲ၊ ရွှံ့ မရှိပါဘူး။ ဒီအတိုင်း ရေနစ်သေတယ်ပဲ လုပ်လိုက်မှာ စိုးတယ်။ မိသားစုကတော့ သက်ဆိုင်ရာဘက်က ဘာလုပ်ပေးမှာလဲဆိုတာကို စောင့်နေကြပါတယ်” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
၎င်းကလေးငယ်၏ သေဆုံးမှုမှာ သာမန်ရေနစ်သေဆုံးခြင်းမဟုတ်ဘဲ လူကြီးချင်း မတည့်သူ တစုံတယောက်က လုပ်ကြံခဲ့ခြင်းသာ ဖြစ်နိုင်ကြောင်း ပြောဆိုခြင်းများ ရှိနေသည်ကိုလည်း တွေ့ရသည်။
ကလေးငယ်၏ ဈာပနကို အလောင်းရှာဖွေတွေ့ရှိသည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင်ပင် ရှမ်းစုသုဿာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က နေအိမ်တွင်ပင် နေထိုင်ရင်း ရုတ်တရတ်ပျောက်ဆုံးခဲ့သော ကလေးငယ် မောင်ဇွဲမာန်သစ်ကို ၂၇ ရက် နံနက်တွင် နေအိမ်နှင့် အနည်းငယ်ဝေးသော ရေထဲ၌ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
(ကလေးငယ်‌တွင် တွေ့ရှိသည့် ဒဏ်ရာတချို့အား ကွန်းမန့်တွင် ဖော်ပြထားပါသည်။)