တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများနှင့် ARA၊ RSO စခန်းတို့မှ AA သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ

4 months ago

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံ ဘင်္ဂလား-ရက္ခိုင် နယ်ခြားစောင့် တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများနှင့် ARA၊ RSO စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို AA တပ်က ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။