တန့်ဆည်မှ ကန့်ဘလူသို့ ပြန်လာသော ဝါသဝ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှု ပျူစောထီး ၄ ဦး ခန့်အထိ သေဆုံးနိုင်

3 months ago

မတ် ၇
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ ကန့်ဘလူမြို့နယ်သို့ ပြန်လာသော ဝါသဝ ပျူစောထီး စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း ပြည်သူ့လွတ် မြောက်ရေးတပ်ဦး – PLA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၅ ရက် နံနက် ၅ နာရီခန့်က တန့်ဆည်မြို့မှ ကန့်ဘလူမြို့နယ်သို့ပြန်လာသော အင်အား ၁၅၀ ခန့်ရှိ ဝါသဝပျူစောထီးစစ်ကြောင်း ထွက်ခွာလာကြောင်း သတင်းအရ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်းနေရာယူပြီး စောင့်ဆိုင်းခဲ့ရာ နံနက် ၈ နာရီ မိနစ် ၂၀ အချိန်မှ စတင်ပြီး ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲဒီစစ်ကြောင်းမှာ ဝါသဝ ပါမပါတော့ မသိရပေမယ့် ဝါသဝဖွဲ့စည်းပေးထားတဲ့ ပျူတွေဖြစ်ပါတယ်ခင်ဗျ။ ဘယ်လောက်သေတယ်ဆိုတာ အတိအကျ မသိရပါဘူး။ ဒေသခံတွေရဲ့ အပြောအရ အနည်းဆုံး ၂ ဦး သေတယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းက ၅ ရက်နေ့ ညနေအထိတော့ နားဋောင်းကျမှာပဲ ရှိသေးကြောင်း သိရပြီး နောက်ဆက်တွဲ သတင်းတွေ မသိရသေးပါဘူးခင်ဗျ” ဟု PLA မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၊ TCRF (PLA)၊ အမှတ် ၁ စစ် ဒေသအတွင်း ပါဝင်သော မုံတိုင်ပင် (ပကဖ)၊ တက်သစ် (ပကဖ)၊ ကျောက်တိုင် (ပကဖ)တို့ ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်က ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
May be an image of text
ယင်းအကြမ်းဖက်စစ်ကြောင်းသည် သာကေတကျေးရွာမှ နေအိမ်တစ်လုံးနှင့် ပြည်သူပိုင် ဆိုင်ကယ် ၉ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။