စစ်မတိုက်လို၍ ရှေ့တန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၁ ဦး TNLA ထံ လက်နက်ချ

8 months ago

နိုဝင်ဘာ ၁၀
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်မတိုက်လို၍ ရှေ့တန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း သိရသည်။
တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် ကုန်စုံကျေးရွာတွင် စ.က.ခ(၁၀)လက်အောက်ခံ၊ ခ.မ.ရ -၃၆၂ တပ်ရင်းမှ တပ်သား မောင်ဘုံနံ၊ ကိုယ်ပိုင်အမှတ် – တ-၅၈၁၁၅၈ က လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ နိုဝင်ဘာ ၈ ရက်နေ့တွင် လာရောက် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအား ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ပြီး လမ်းစရိတ်ချီးမြှင့်ငွေ ကျပ် ၁၅ သိန်း ပေးအပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။