စစ်ကောင်စီတပ်၏ မော်ဖူး(ရိုးစလင်းစခန်း)ကို KNLA နှင့် FFD Drone တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်

4 months ago

ဖေဖော်ဝါရီ ၂၇
တပ်မဟာ(၅)နယ်မြေအတွင်းရှိ မော်ဖူး(ရိုးစလင်းစခန်း)ကို KNLA နှင့် FFD Drone တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
May be an image of 3 people, tree and text
မော်ဖူး(ရိုးစလင်းစခန်း)သည် ယွန်းစလင်းချောင်းဘေးတွင်တည်ရှိပြီး ၁၉၉၅ ခုနှစ်တည်းက အထိုင်ချ တပ်စွဲထားခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က KNU/KNLA တပ်မဟာ (၅) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် FFD Drone တပ်ဖွဲ့မှ အဆိုပါစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
FFD Drone တပ်ဖွဲ့မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ စတင်ကာ Drone ဖြင့် ဗုံးသီးအလုံးပေါင်း ၄၀ ကျော်ကြဲချကာ စစ်ရေးဖိအားပေးခဲ့သလို KNLA တပ်ဖွဲ့မှလည်း စနိုက်ပါဖြင့် ဖိအားပေးတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ စစ်ရေးဖိအားပေးမှု တစ်ပတ်အကြာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် အင်အား ၄၀ ခန့်ရှိသော စကစတပ်သားများသည် စခန်းတွင် ဆက်လက်မနေနိုင်တော့ဘဲ စခန်းအားစွန့်၍ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
May be an image of 1 person, knife and text
“စစ်ကောင်စီအတွက် ဒီစခန်းဟာ ခြေကုပ်ဗျူဟာစခန်း ဖြစ်ပါတယ်ဗျ။ နှစ်ဖက်အကျအဆုံးတော့ မရှိပါဘူးဗျ။ စစ်ရေးဖိအားပေးပြီး တစ်ပတ်အကြာမှာ ရန်သူဘက်က စခန်းစွန့်ခွာသွားကြတာပါဗျ။ ဒီစခန်းစွန့် စကစတွေက မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဖလပ်ခိုကျေးရွာအတွင်းမှာရှိတဲ့ ကူခိုတပ်စခန်းကို နောက်တဆင့် ဆုတ်သွားတယ်လို့ သိရပါတယ်” ဟု FFD တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
KNLAနှင့် FFD တပ်ဖွဲ့များက စခန်းအား နယ်မြေရှင်းလင်းရေးသွားခဲ့ရာ ၆၀ မမ အလုံး ၆၀ နှင့် ရှေ့ထွက်မိုင်း ၃ လုံးကိုသိမ်းယူရရှိခဲ့ကြောင်း သိရသည်။
May be an image of 1 person, camping, map and text
လက်ရှိတွင် FFD Drone တပ်ဖွဲ့အနေဖြင့် တပ်သားသစ်များကိုလည်း ခေါ်ယူလျက်ရှိနေကြောင်း သိရသည်။