ငါန်းဇွန်မြို့နယ်၊ ခေါင်ဘို ကျေးရွာမှ စကစများအား ဒရုန်းဗုံးသီး ၁၄ လုံး ကြဲချတိုက်ခိုက်၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး

4 months ago

ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်ဘို ကျေးရွာတွင် တပ်စွဲထားသော စကစများအား ဒရုန်းများဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
May be an image of 1 person and textMay be an image of 1 person and text
ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် အဆိုပါ ခေါင်ဘိုကျေးရွာမှ စကစ စခန်းအား Hexacopter နှင့် Fixed-Wing ဒရုန်းများသုံး၍ ဗုံးသီး ၁၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ၎င်းစခန်းရှိ စကစ နှစ်ဦးမှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီစခန်းမှာက အင်အား နှစ်ဆယ်နဲ့ သုံးဆယ်ကြား ရှိပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာ အင်အားတိုးလာတာတွေ၊ စစ်ကြောင်းဝင်တာတွေ ရှိတယ်။ ဒေသတွင်းမှာလည်း ပေါ်တာဆွဲဖို့ ပြင်ဆင်တာမျိုးတွေလည်း တွေ့ရတယ်။ လူငယ်တွေကို ပစ်မှတ်ထားပြီး မထင်တဲ့သူဆို ဆွဲခေါ်မယ့် ပုံစံမျိုးပါ။ စစ်ရေးက ပိုပြီး တင်းမာလာနိုင်ပါတယ်” ဟု ငါန်းဇွန် ပကဖအဖွဲ့မှ ဘဏ္ဍာရေးတာဝန်ခံ ကိုဟရုက ပြောသည်။
ယင်းတိုက်ခိုက်မူကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ငါန်းဇွန်- ပကဖ၊ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာ‌ ပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင် ပြောက်ကျားအဖွဲ့၊ လက်ရုံး ပြောက်ကျားအဖွဲ့၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ အားမာန်သစ် ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။