ခြောက်ရက်တာအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော ၅ စီး AA တိုက်ခိုက် ချေမှုန်း

4 months ago

ဖေဖော်ဝါရီ ၁၄
ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီး နှင့် ဇက်သင်္ဘော ၂ စီး စုစုပေါင်း ၅ စီးအား AA တပ်မှ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
May be an image of 8 people, submarine and text
ဖေဖော်ဝါရီ ၇ ရက်‌နေ့မှ ၁၃ ရက်နေ့အထိ ရေကြောင်းတိုက်ပွဲများအတွင်း ယင်းသို့ စစ်သင်္ဘော ၃ စီး အပါအဝင် ၅ စီးအား တိုက်ခိုက်ချေမှုန်းခဲ့ပြီး အခြားသော သင်္ဘော ၄ စီးမှာလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော ၁ စီးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ပုလဲပေါက် ကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ မြစ်ကြောင်းတစ်လျှောက် ကျေးရွာများကို လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေသော စစ်ကောင်စီ၏ စစ်သင်္ဘော ၁ စီးအား AA မှ ထပ်မံ၍ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ ရစစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီး၊ ဇက်သင်္ဘော ၁ စီးတို့အား AA မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော ၃ စီးစလုံး မီးလောင်ပျက်စီးကာ ရေထဲနစ်မြုပ်သွားအောင် ပြုလုပ်နိုင်ခဲ့ကြောင်းနှင့် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။May be an image of 1 person, boat and text that says 'into Desk 2024'