ချင်းပူးပေါင်းတပ်စုများ ထိန်းချုပ်လိုက်ပြီဖြစ်သည့် ရိခေါ်ဒါရ်မြို့၏ ပုံရိပ်မှတ်တမ်းတချို့

7 months ago

နိုဝင်ဘာ ၁၆
CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်စုများဖြစ်ကြသော CDF-Hualngoram, PDA, CDF-Zaniatram, CDF-Thantlang တို့မှ နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ဖလမ်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်း နှစ်ခုဖြစ်သော Tio စခန်းနှင့် Rih စခန်းတို့ကို သိမ်းပိုက်ခဲ့ကာ အိန္ဒိယနှင့် မြန်မာပြည်၏ စီးပွားရေးအချက်အခြာကျသည့် ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သော ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားအလံစိုက်ထူကာ ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ Rih Operation ကို CNA ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Ngun Hlei Thang ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အမြားနှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း Chinland Information Center က ဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်ဖော်ပြထားသည်။