ကွမ်းလုံမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတွင် KNDF ရဲဘော် ၃ ဦး ကျဆုံး

7 months ago

နိုဝင်ဘာ ၁၄
ကွမ်းလုံမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတွင် KNDF ၏ မြောက်ပိုင်းစစ်ဒေသ အခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
၎င်း ကွမ်းလုံမြို့သိမ်းတိုက်ပွဲများအတွင်း KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ မဟာမိတ်တပ်များနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်းများအားသိမ်းပိုက် တိုက်ပွဲဝင်ရင်း တပ်စုမှူး မောင်ဗေဒါ ၊ တပ်စိတ်မှူး မောင်မာနွေးလယ် ၊ တပ်ကြပ်ကြီး မောင်စတီဗင်ဒီဇိုင်းတို့ ၃ ဦးမှာ တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်းနှင့် ကျဆုံးခဲ့ရသော KNDF တပ်ဖွဲ့ဝင် ၃ ဦးအား လေးနက်စွာအလေးပြု၍ အမျိုးသားအာဇာနည် သူရဲကောင်းများအဖြစ် KNDF မှ အစဥ်အမြဲ သမိုင်းမှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး “တွင် နေ့စဥ်တိုက်ပွဲများ၌ ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။