ကျိုက်ဒုံ၊ မဲသရောထစခန်းကုန်းသိမ်းပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံး၊ တပ်ကြပ်ကြီး ၁ ဦး လက်နက်ချအညံ့ခံ၊ ၅၀ ခန့် ထိုင်းဘက်ခြမ်း ထွက်ပြေးပြီးလက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၁ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိ

3 months ago

မတ် ၂၀
KNU တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့နယ်ရှိ မဲသရောထစခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦး လက်နက်ချ အညံ့ခံကာ ၅၀ ခန့် ထွက်ပြေး၍ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၁ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်၏ စကခ (၁၉) လက်အောက်ခံ ခမရ ၅၅၇/၅၅၈ တပ်သားများ အထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းအား မတ် ၁၅ ရက်နေ့မှစ၍ KNLA ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ည ၁၀း၃၀ နာရီတွင် တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA 4 ပူးတွဲသေနတ်(၁)လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ၅.၅၆ ကျည် ၂၀၀ တောင့်နှင့် လက်နက်ချအညံ့ခံလာခဲ့ကြောင်း သိရသည်။
မတ် ၁၈ ရက်နေ့တွင် KNLA နှင့် SOF ချေမှုန်းရေးတပ်ဖွဲ့မှ အဆိုပါစခန်းအား ထိုးစစ်ဆင်၍ တက်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စခန်းကုန်းအား မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ထို့နောက် မတ် ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်များ ထပ်မံအ‌ခြေချ တပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့် တောင်ကုန်းအား ပိတ်ဆို့၍ ထပ်မံတိုက်ခိုက်ချေမှုန်းခဲ့ရာ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄း၁၅ နာရီတွင် စခန်းကုန်းအား သိမ်းဆည်းနိုင်ခဲ့‌ကြောင်း ထုတ်ပြန်ထားသည်။
၄င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးရုပ်အလောင်း ၅ လောင်း၊ လက်နက်ကြီးလက်နက်ငယ် စုစုပေါင်း ၆၁ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကာ ကျန်ရှိနေသာ စစ်ကောင်စီတပ်သား ၅၀ ဦးခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့သည်ဟု ဆိုသည်။
May be an image of text
KNLA နှင့် SOF မှ ရဲဘော်များ အထိအခိုက်မရှိဘဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၄င်းမြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားကြောင်း အသိပေးထားသည်။