ကျိုက်ထို၊ မုပ္ပလင်ကျေးရွာနေ ပျူစောထီးတစ်ဦးကို ခုနစ်ချက် ပစ်ခတ်ရှင်းလင်း

5 months ago

ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနေ ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF က ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇန်နဝါရီ ၁၉ ရက် ညနေ ၃:၁၀ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနေ အသက် ၆၈ နှစ်အရွယ်ရှိ ပျူစောထီးအဖွဲ့ဝင် တင်အေး(ခ)ပြူးကြောင်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ၎င်းကျေးရွာအနီးတွင် KRF ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“သူသွားလာနေတဲ့ အချိန်မှာပဲ ရှင်းလင်းခဲ့တာပါ။ ခုနစ်ချက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်” ဟု KRF ၏ ပြန်ကြားရေးတာဝန်ခံ ကိုမော်ကွန်းက ပြောသည်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင် တင်အေး(ခ)ပြူးကြောင်သည် စစ်တပ်အားကိုးဖြင့် ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသည့်အပြင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းကာ စစ်ကောင်စီကို တိုင်ကြား သတင်းပေးနေသူဖြစ်သဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။