ကျားဖြူစစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ခေါ်ယူ

11 months ago

“Social Media ကနေ ခေါ်ရတာကလည်း လူထုကို Awareness လုပ်ချင်တဲ့သဘောလည်း ပါ ပါတယ်ဗျ။ တချို့က တော်လှန်ရေးကို မေ့နေကြတာကိုးဗျ”
မြေပြင်တာ၀န်ခံ ကိုသံချောင်း
သြဂုတ် ၁
ကျားဖြူစစ်ကြောင်း၊ အမှတ်(၂)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသခွဲအမှတ်(၃)၊ လုံခြုံရေးတပ်ခွဲ (Southern Eagle PDF) မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ထပ်မံခေါ်ယူထားကြောင်း သိရသည်။
“Social Media ကနေ ခေါ်ရတာကလည်း လူထုကို Awareness လုပ်ချင်တဲ့သဘောလည်း ပါ ပါတယ်ဗျ။ တချို့က တော်လှန်ရေးကို မေ့နေကြတာကိုးဗျ။ ဆက်သွယ်၀င်ရောက်တာတွေ ရှိပါတယ်။ များသောအားဖြင့် အဆင်ပြေပါတယ်” ဟု Southern Eagle PDF မြေပြင်တာ၀န်ခံ ကိုသံချောင်းက Spring Of Burma Mediaသို့ ပြောသည်။
Southern Eagle PDF တပ်ဖွဲ့ဝင်များ

အဆိုပါတပ်ဖွဲ့အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၂၀)ဦး ခေါ်ယူခြင်းအား သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

၎င်းကဆက်လက်၍ ” ပြည်သူလူထုကိုပြောချင်တာက ပန်းတိုင်ကမြင်နေရပါပြီ။ လက်မလျှော့နဲ့၊ တက်မထောင်နဲ့၊ သတိမလွတ်နဲ့၊ နောက်တခုက အမှန်တရားကိုချစ်တဲ့ ပြည်သူတဦးတယောက်တိုင်းက တော်လှန်ရေးရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ရာကူမှရပါမယ်။ ဖြစ်နိုင်ရင်တော့ နိုင်တာထက် ပိုကူကြဖို့ တိုက်တွန်းချင်ပါတယ်”ဟုလည်း ပြောသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်သားလျှောက်ထားရာတွင် ရှိရမည့်အချက်များအနေဖြင့် ကျန်းမာရေးကောင်းမွန်သူများကိုဦးစားပေးမည်၊ အခြေခံစစ်ပညာသင်တန်း တက်ရောက်နိုင်ရမည်၊ ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်ရမည်၊ လိုအပ်ပါက မိသားစု၊ ဆွေမျိုး၊ ချစ်ခင်ရသူများနှင့် အဆက်အသွယ်ဖြတ်နိုင်ရမည်၊ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ရမည်၊ အာဏာရှင်စနစ်ကို အမြစ်ပြတ်ရိုက်ချိုးနိုင်သည်အထိ စစ်မှုထမ်းနိုင်ရမည်၊ အဖွဲ့မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်နိုင်ရမည်၊ အထက်/အောက် ပေးအပ်သောတာ၀န်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည် စသည်တို့ဖြစ်ကြောင်း သိရသည်။
Shwe
Photo – Southern Eagle PDF