ကော့ကရိတ်မြို့သိမ်းတိုက်ပွဲများတွင် ကျားဖြူစစ်ကြောင်းမှ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ရ

4 months ago

ဖေဖော်ဝါရီ ၂၈
၂၀၂၃ ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ခဲ့သော ကော့ကရိတ်မြို့သိမ်းတိုက်ပွဲများတွင် ကျားဖြူစစ်ကြောင်းမှ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ ရဲဘော်များမှာ ကျားဖြူတပ်ခွဲ (၁)မှ ရဲဘော် ဘယ်လေး၊ ရဲဘော် အသေးလေး၊ ရဲဘော် စိုးမင်း၊ ကျားဖြူစစ်ကြောင်းမှ ရဲဘော် ကော့စို၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၂)မှ ရဲဘော် ငရဲ (ခ) ရှိုင်းရဲလွင်၊ ကျားဖြူတပ်ရင်းရုံးတပ်ခွဲမှ ရဲဘော် ကျော်ဝင်း၊ Justice Soldier PDF မှ ရဲဘော် စစ်နိုင်၊ ရဲဘော် ပြုံးချို၊ ရဲဘော် ဂျွန်၊ ရဲဘော် မျှစ်ကြော်၊ ရဲဘော် ဒိန်ချဉ်၊ အမှတ် (၃၁) စစ်ဗျူဟာမှ ရဲဘော် မြောင်းမြတို့ ဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။
အဆိုပါ ကော့ကရိတ် မြို့သိမ်းတိုက်ပွဲများတွင် ကျားဖြူစစ်ကြောင်းမှ နေ့၊ ည မပြတ် မြေပြင်၊ ဝေဟင်မှ တိုက်ပွဲများ ဖော်ဆောင်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် ကော့ကရိတ်မြို့ပေါ် ၆၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ဆိုထားသည်။
၎င်းမြို့သိမ်းစစ်ဆင်ရေး တိုက်ပွဲများတွင် ရွံ့ရွံ့ချွံချွံ အသက်ပေးသွားသော အာဇာနည်သူရဲကောင်းများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်းလည်း ကျားဖြူစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May be an image of 1 personMay be an image of 1 person

May be an image of 1 personMay be an image of 1 person and slow loris

May be an image of 1 personMay be an image of 6 people

May be an image of 1 personMay be an image of 2 people

May be an image of 1 person, slow loris and text that says 'ALBINO TIGER IG A f COLUMN'May be an image of 1 person

May be an image of 1 person