ကောလင်း ရဲစခန်းအား တော်လှန်ရေးအဖွဲ့များ အောင်မြင်စွာ သိမ်းပိုက်၊ နိုင်ငံရေးအကျဥ်းသားများအား ခေါ်ထုတ်နိုင်ခဲ့

7 months ago

နိုဝင်ဘာ ၅
ယနေ့ နိုဝင်ဘာ ၅ ရက် ညနေ ၅ နာရီခွဲ အချိန်၌ တော်လှန်ရေးအဖွဲ့များ ပူးပေါင်းကာ ကောလင်း ရဲစခန်းအား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသားများအား ခေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း Kawlin Revolution -KR အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသားများအား ရဲဘော်များမှ အန္တရာယ်ကင်းစွာ ခေါ်ထုတ်လာနိုင်ခဲ့၍ လုံခြုံသောနေရာ၌ ထားရှိထားကြောင်းနှင့် ဆက်လက်၍ မြို့ထဲ၌ ကျန်ရှိနေသော ပြည်သူများအား တတ်နိုင်သမျှ ခေါ်ထုတ်ပေးမည်ဟု အသိပေးကြောင်းလည်း ဖော်ပြထားသည်။
ကောလင်းတွင် KIA, AA နှင့် ဒေသခံ PDF အဖွဲ့များ ပူးပေါင်း၍ နိုဝင်ဘာ ၃ ရက် နံနက် ၃ နာရီခန့်တွင် ကောလင်း မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားရာ မြို့မ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လာကာ အကြမ်းဖက် စစ်တပ်ဘက်မှ လေယာဉ်ပစ်ကူများဖြင့် ပစ်ခဲ့ကြောင်းနှင့် ‌လက်ရှိတွင် ပြည်သူထောင်ချီ ပိတ်မိနေကြောင်း သိရသည်။