ကောလင်း ပြန်ပေးလိုက်ရ | အကြမ်းဖက်စကစ က ပြည်သူ့နေအိမ်များ ဗုံးကြဲ၊ ဆက်တိုက် မီးရှို့

4 months ago

ဖေဖော်ဝါရီ ၁၇
အမျိုးသားညီညွတ်ရေးအစိုးရမှ ထိန်းချုပ်ထားသော စစ်ကိုင်းတိုင်းဒေသကြီးရှိ ကောလင်းမြို့ပြဧရိယာအား အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြန်လည်ရရှိသွားပြီဖြစ် ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ ကောလင်းမြို့ပြဧရိယာကို စကစလက်ထဲ ပြန်ပေးထားရပါတယ်”ဟု ကောလင်း KR မှ တာဝန်ရှိသူက Spring of Burma Media သို့ အတည်ပြုပြောသည်။
ကောလင်းတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အစမှ စ၍ အကြမ်းဖက်စစ်ကောင်စီနှင့် ကောလင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အကြမ်းဖက်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် လူအင်အားအပြည့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မီးက နေ့တိုင်းရှို့နေတာ။ ပြည်သူတွေနေအိမ်ကို ဒရုန်း သုံးပြီး ဗုံးကြဲတိုက်ခိုက်တာ။ အဲဒီကောင်တွေက ပြည်သူ့အိမ်က ပစ္စည်းတွေ ခိုးထုတ်နေတာ ကြာပြီ။ အခု ပြည်သူ့အိမ်တွေ အများကြီး ပျက်စီးသွားပြီ” ဟု ကောလင်းမှ ရဲဘော်တစ်ဦးက ပြောသည်။
ကောလင်းမြို့ပြတိုက်ပွဲမှာ ရက်နှစ်ဆယ်နီးပါးအထိ ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအစပိုင်းတွင် မြို့ထက်ဝက်စီ နီးပါး ထိန်းချုပ်ထားရာမှ အခုအခါ မြို့ပြဧရိယာ အပြည့်အထိ အကြမ်းဖက်စစ်ကောင်စီလက်ထဲ ရောက်ရှိခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များနှင့် မဟာမိတ်များ ပူးပေါင်းကာ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ပြီးနောက် မြို့ပေါ်၌ ပြည်သူ့တော်လှန်ရေး အလံတော် လွှင့်ထူထားနိုင်ခဲ့ကာ အမျိုးသားညီညွတ်ရေး အစိုးရ၏ အုပ်ချုပ်ထိန်းချုပ်မှုအောက်ရောက်ခဲ့သည့် မြို့လည်း ဖြစ်သည်။
ပုံစာ – ကောလင်းမြို့အား အကြမ်းဖက် စကစမှ ဗုံးကြဲ၊ မီးရှို့ ဖျက်ဆီးထားပုံ။
Photo – ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)
May be an image of Adenium and treeNo photo description available.No photo description available.