ကရင်နီတပ်များ ပစ်ချခဲ့သော စစ်ကောင်စီ တိုက်လေယာဉ်၏ အပျက်အစီးများ တွေ့ရှိ

7 months ago

နိုဝင်ဘာ ၁၂
သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနှင့် မရောပိုလီရွာကြား တောင်ယာတဲအနီးတွင် စစ်ကောင်စီ တိုက်လေယာဉ်၏ အပျက်အစီးများကို ယနေ့ နိုဝင်ဘာ ၁၂ ရက်တွင် တွေ့ရှိပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ညနေ ၄ နာရီကျော်ခန့်က ကရင်နီပြည်သို့ ဗုံးလာကြဲသော စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်နှစ်စီးအနက် ၁ စီးအား ကရင်နီတပ်များဖြစ်သည့် KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံနှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ကြောင်း၊ ထို့ကြောင့် မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ရပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာ ဖရူဆိုမြို့အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်က လိုက်လံရှာဖွေနေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကလည်း ထုတ်ပြန်ထားသည်။