ကန့်ဘလူတွင် ကျေးရွာများ မီးရှို့ဖျက်ဆီးနေသော အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်းအား အကြိမ်ကြိမ်တိုက်ခိုက်ရာ စကစ တပ်သား ၄၀ မှ ၅၀ ကြားအထိ သေဆုံးမှုရှိဟုဆို

4 months ago

ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျေးရွာများအား ဇန်နဝါရီ လ‌နှောင်းပိုင်းမှစ၍ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေသော အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်းအား တော်လှန်ရေး ပူးပေါင်းအဖွဲ့က အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် ခန့်မှန်းခြေ စကစ တပ်သား ၄၀ မှ ၅၀ ကြားအထိ အဆုံးအရှုံးရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်ထားသည်။
ကန့်ဘလူမြို့နယ် ထောက်ရှာအိုင်၊ ဆူးတပ်၊ မင်းဘာ၊ လက်ထုပ်ကုန်း၊ ကြာဘတ်ကံ၊ မောင်းတိုင်၊ ရှမ်းတပ်၊ သပြေသာ၊ မဲသည် စသည့် ကန့်ဘလူ တောင်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့ဖျက်ဆီး‌နေသော အဆိုပါစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများအပြင် တော်လှန်ရေး ပူး‌ပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခြင်းများကိုလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းစကစတပ်သည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၇ နာရီခန့်တွင် မဲသည်ရွာမှ အနောက်တောင်ဘက်သို့ စစ်ကြောင်းထွက်ခဲ့ရာ ကန့်ဘလူမြို့နယ် တောင်ခြမ်း အင်တောပေါက်၊ မင်းဘာ၊ လက်ထုပ်ကုန်းကြားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ကန့်ဘလူစွန်ရဲ အဖွဲ့၊ နယ်မြေခံ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့မှု ပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ လေးဦး သေဆုံးပြီး ၂၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PLA ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီ ဒဏ်ရာရ ရဲဘော်ဟာ ဆေးကုသမှု ခံယူ‌နေပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” ဟု PLA မှ တာဝန်ရှိသူက ပြောသည်။
၄င်းထိ‌တွေ့တိုက်ပွဲအတွင်း စကစတပ်မှ သေဆုံးအ‌လောင်းများကို မင်းဘာ၊ လက်ထုပ်ကုန်းဘက်သို့ လှည်းများဖြင့် သယ်ယူသွားသည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ မဲသည်ရွာအတွင်း ညအိပ် တပ်စွဲလျက်ရှိသော စကစစစ်ကြောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ ကန့်ဘလူ စွန်ရဲအဖွဲ့ နှင့် ဒေသခံတော်လှန်ရေးအဖွဲ့များမှ ၆ ရက်နေ့တွင် ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့သေးကြောင်းလည်း သိရသည်။

 

စကစစစ်ကြောင်းသည် မဲသည်ရွာမှ မထွက်မီ ဒေသခံလူထု၏ နေအိမ် ခြောက်လုံးကို မီးရှို့ခဲ့၍ တော်လှ
န်ရေးအဖွဲ့များမှ နေအိမ် လေးလုံးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၄
ရက် နံနက် ၆ နာရီခန့်ကလည်း ကြွယ်ပုံရွာအခြေစိုက် ပျူစောထီးနှင့် စကစတပ်များသည် ကြွယ်ပုံရွာနှင့် နှစ်မိုင်ခန့်အကွာရှိ ဒီပဲယ
င်းကွဲကျေးရွာအတွင်းရှိ လူနေအိမ် အလုံး ၃၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထဲမှ စိတ်မနှံ့သူ အရပ်သားတစ်ဦးအား သေနတ်များဖြင့် အချက်ရေများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။