ကနီမြို့နယ်ရှိ Station ကုန်း (ခေါ်) စစ်ကောင်စီ ဆက်သွယ်ရေးစခန်းအား နှစ်ရက်တာ တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိ 10 months agoစကစ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရကာ ပြည်သူ့ရဲဘော် ၃ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့============= နိုဝင်ဘာ ၂၆ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းရှိ Station ကုန်း (ခေါ်) စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးစခန်းအား နှစ်ရက်တာ တိုက်ပွဲအတွင်း အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။အဆိုပါစခန်းမှာ စစ်ကောင်စီ၏ ဆက်သွယ်ရေး ဗျူဟာမြောက် စခန်းတစ်ခုဖြစ်ပြီး အင်အား ၃၀ ခန့်ဖြင့် အခြေစိုက်ထားခြင်းဖြစ်ကာ တိုက်ပွဲအတွင်း စကစ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ ပြည်သူ့ရဲဘော် ၃ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး KLG PDF – ကျောက်လုံးကြီးမှ ရဲဘော် ၁ ဦးလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ စခန်းကုန်းအား ယင်းမာပင် ခရိုင်တပ်ရင်း – ၂ မှ ဦးဆောင်၍ မဟာမိတ်တပ်များက နိုဝင်ဘာ ၂၂ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ၂၃ ရက်နေ့တွင် ထိုးစစ်ဆင်ကာ စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ဒီတိုက်ပွဲမှာ အရှင်ဖမ်းမိတာတော့ မရှိဘူး။ အခက်အခဲတွေတော့ ရှိခဲ့တယ်။ လက်နက်အင်အား မမျှတတာပေါ့။ သိမ်းလို့ရမယ့် စခန်းများစွာ ရှိနေပေမယ့် လက်နက်အင်အား မပြည့်စုံ ဖြစ်နေတာဗျ။ ထွက်ပြေးသွားတဲ့ စကစတွေက တာဝါတိုင်စခန်းကို ပြေးကြတာ။ သူတို့ ထိခိုက်မှုအခြေအနေတွေကို အတွင်းသတင်းပေးအရ သိရပါတယ်” ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုအေတီက ပြောသည်။တိုက်ပွဲအပြီးတွင် ၎င်းစခန်းမှ လက်နက်ငယ် ၁ လက်၊ ကျည်မျိုးစုံ ၂၅၀၀ ကျော်၊ Equipment ၁ စုံ၊ ကျည်အိမ် ၂ ခု၊ မိုင်း ၁၆ လုံး၊ အီနာဂါဗုံးသီး ၄ လုံးနှင့် အခြားစစ်သုံးပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။#SpringofBurma_News#ဆက်သွယ်ရေးစခန်းသိမ်းတိုက်ပွဲ#ကနီ