ရေးမြိုနယ်တွင် ပျူခေါင်းဆောင်/ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား ရေးဘီလူးအဖွဲမှ ပစ်ခတ်ရှင်းလင်း “သူက ပြည်သူတွေ၊ PDF အိမ်တွေ ဝင်စစ်တဲ့နေရာတွေမှာလည်း ဦးဆောင်ပြီးလုပ်တဲ့ ဒလန်။ စစ်ကောင်စီရဲ့ လုံးဝအခိုင်းအစေပေါ့ဗျာ”

9 months ago

အောက်တိုဘာ ၁၀

မွန်ပြည်နယ် ရေးမြိုနယ် မြသီတာစျေးအနီးတွင် ပျူခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ဖြစ်သော ကိုလတ်ဟု အမည်ရသူအား ရေးဘီလူးအဖွဲမှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါပျူခေါင်းဆောင်ကို ယနေ့နံနက် ၉:၃၀ နာရီတွင် 9mm အတိုဖြင့် သုံးချက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလူကို စစ်ကောင်စီက လုပ်ပိုင်ခွင့်အပြည့်ပေးထားတာဗျ။ တခုခု စစ်ဆေးရေးတွေ လုပ်မယ်ဆိုလည်း ဒီလူက ဦးဆောင်လိုက်လုပ်တယ်။ အာဏာသိမ်းပြီးကတည်းက ပျူခေါင်းဆောင်လုပ်တယ်။ ရပ်ကွက်က လူငယ်တွေ၊ ဆေးသမားတွေကို စုဆောင်းပြီး လက်နက်တပ်ဆင်ပေးတယ်။ သူကိုယ်တိုင် သတင်းပိုင်းတွေ လိုက်ထောက်တယ်။ နောက်တခုက ပြည်သူတွေ၊ PDF အိမ်တွေ ဝင်စစ်တဲ့နေရာတွေမှာလည်း ဦးဆောင်ပြီးလုပ်တဲ့ ဒလန်ပေါ့ဗျာ။ စစ်ကောင်စီရဲ့ လုံးဝအခိုင်းအစေပေါ့ဗျာ။ သူက အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်။ သူက ဒီနယ်သားမဟုတ်ဘူး။ အထက်ပိုင်းကဗျ” ဟု ရေးဘီလူးက ဆိုသည်။

ရေးမြိုနယ်အတွင်းရှိ စကစဘက်တော်သားများအားလုံးကို ရှင်းလင်းသွားမည်ဟုလည်း ရေးဘီလူးအဖွဲက ဆိုထားသည်။

ပြည်သူလူထုအပေါ်မတရားသဖြင့် ဆက်ကြေးကောက်ခံနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအား ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်

11 months ago

ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် မန္တလေး – မုံရွာ လမ်းမကြီးပေါ် မြောင်လမ်းခွဲတွင် အထိုင်ချတပ်စွဲထားပြီး ပြည်သူလူထုအပေါ်မတရားသဖြင့် ဆက်ကြေးကောက်ခံနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအား T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သူတို့ဘက်က အထိအခိုက်တော့ ရှိနိုင်တယ်။ စကစတွေက အဲဒီနေရာမှာ အထိုင်တပ်ရှိတာပါ၊ အထိုင်တပ်ထဲကနေ လမ်းမပေါ်ထွက်ကောက်တာပါ။ မနေ့က မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်တာ။ သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု T.G.R အမျိုးသမီးဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက Spring Of Burma Media သို့ ပြောသည်။
အဆိုပါစစ်ဆင်ရေးအား T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊T.G.R Women Drone Force၊ ကျောက်ဆယ်ခရိုင်တပ်ရင်း(၂)နှင့် Black Eagle Defence Force-MMU တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မုံရွာ မန္တလေး အမြန်လမ်းမပေါ်ဆိုတော့ စကစတွေက လမ်းဖြတ်သမျှကားတွေ အကုန်ရပ်ခိုင်းပြီး ပြည်သူတွေ ကာဗာလုပ်လိုက်တော့ လက်နက်ကြီး ထပ်ပစ်လို့မရတော့ဘူး၊ ပြည်သူထိမှာစိုးတော့။ သူတို့က အခုဆိုရွာတွေဝင်ပြီးပြန်ထွက်ရင်တောင် ပြည်သူဆယ်ယောက်အထက်ဖမ်းခေါ်သွားပြီးမှ ထွက်တော့တာပါ။ ပြည်သူပါရင် PDF တွေ မတိုက်တာသိတော့ လူသားဒိုင်းတွေ သုံးတာ ပိုဆိုးလာတယ်” ယင်းက ဆက်လက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်စစ်ဖွင့်နေပြီဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေပေးကြရန် မေတ္တာရပ်ခံကြောင်း၊ ပြည်သူများအား ငဲ့ညှာရခြင်းက စကစများ၏ အားသာချက်ဖြစ်စေနိုင်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
Shwe
ပုံစာ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့
Photo – T.G.R Women Drone Force